■ IFFHS ၏ ၂၀၂၂ တောင်အမေရိကအကောင်းဆုံးဘောလုံးသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ရွေးချယ်ခံရ

■ IFFHS ၏ ၂၀၂၂ တောင်အမေရိကအကောင်းဆုံးဘောလုံးသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ရွေးချယ်ခံရ
Photo : IFFHS
Photo : IFFHS
Published 7 February 2023

နိုင်ငံတကာဘောလုံးသမိုင်းနှင့် အချက်အလက်အဖွဲ့အစည်း(IFFHS) ၏ ၂၀၂၂ ခုနှစ်အတွက် တောင်အမေရိကအကောင်းဆုံးဘောလုံးသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

IFFHS သည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဘောလုံးသမိုင်းနှင့် အချက်အလက်မှတ်တမ်းများကို ထုတ်ပြန်ပေးသည့် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် တောင်အမေရိက အကောင်းဆုံးဘောလုံးသမားအဖြစ် မက်ဆီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မက်ဆီ (၃၅ နှစ်)သည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအား ချန်ပီယံဆုရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ယူရိုချန်ပီယံ အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် တောင်အမေရိက-ဥရောပ ချန်ပီယံဖလားလည်း ရရှိထားသည်။

ထို့ပြင် မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား (ရွှေဘောလုံး)ဆုနှင့် ဒုတိယဂိုးအများဆုံး (ငွေဘောလုံး) ဆုလည်း ရရှိထားသဖြင့် ယင်းကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။

IFFHS ၏ ၂၀၂၂ တောင်အမေရိက အကောင်းဆုံးအသင်းကို (၃-၄-၃)ကစားကွက်ဖြင့် ထုတ်ပြန်ရာ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းမှ ဂိုး-မာတီနက်ဇ်၊ နောက်တန်း-ရိုမဲရိုး၊ အော်တာမန်ဒီ၊ အလယ် တန်း-အန်ဇိုဖာနန်ဒက်ဇ်၊ ဒီပေါလ်၊ ရှေ့တန်း- မက်ဆီ၊ အယ်လ်ဗာရက်ဇ်တို့ဖြင့် ခုနစ်ဦးအထိ ရွေးချယ်ခံရပြီး ဘရာဇီးလ်အသင်းမှ နောက် တန်း-သီယာဂိုဆေးလ်ဗား၊ အလယ်တန်း- ကက်ဆီမီရို၊ နေမာ၊ ရှေ့တန်း-ဗင်နီစီယပ်စ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

■ တောင်အမေရိက အကောင်းဆုံးအသင်း

ဂိုး - မာတီနက်ဇ် (အာဂျင်တီးနား)

နောက်တန်း - ရိုမဲရိုး၊ အော်တာမန်ဒီ (အာဂျင်တီးနား)၊ သီယာဂိုဆေးလ်ဗား (ဘရာဇီးလ်)

အလယ်တန်း - အန်ဇိုဖာနန်ဒက်ဇ်၊ ဒီပေါလ် (အာဂျင် တီးနား)၊ ကက်ဆီမီရို၊ နေမာ (ဘရာဇီးလ်)

ရှေ့တန်း - မက်ဆီ၊ အယ်လ်ဗာရက်ဇ်(အာဂျင်တီးနား)၊ ဗင်နီစီယပ်စ် (ဘရာဇီးလ်)

Most Read

Most Recent