မတည်ငြိမ်မှုများဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရဆဲ မြန်မာ့စီးပွားရေး
မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့် ခြောက်လတာအတွင်း မတည်ငြိမ်မှုများ ဒဏ်ကို သိသိသာသာရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထား သည်။
ဇူလိုင်လကတည်းက မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျလာခဲ့ရာ ဒီဇင်ဘာလ၌ မြန် မာ ကျပ်ငွေတန်ဖိုးသည် ပြီးခဲ့သည့် နှစ်နှစ် တာကာလထက် ရာခိုင်နှုန်း ၅၀ လျော့ကျ သွားသည်။
ကမ္ဘာ့ကုန်စည်စျေးနှုန်း ဆက်လက်မြင့် တက်နေခြင်း၊ သယ်ယူပို့ဆောင်ရေးအခက် အခဲများရှိနေခြင်းအပြင် အဆိုပါငွေတန်ဖိုး ကျဆင်းခြင်းက ကုန်စည်စျေးနှုန်းများကို သိ သိသာသာ မြင့်တက်သွားစေသောကြောင့် စီးပွားရေးတစ်ခုလုံးကို ထိခိုက်စေခဲ့သည်။
နောက်ဆုံးရရှိသည့် CPI အချက်အလက်များအရ ဇူလိုင်လတွင် ငွေကြေးဖောင်း ပွနှုန်း ရာခိုင်နှုန်း ၂၀ အထိရှိခဲ့ပြီး ထိုသို့မြင့် တက်မှုကြောင့် အိမ်ထောင်စုအမှန်ဝင်ငွေ၊ သုံးစွဲနိုင်မှုနှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတို့ အပေါ် ဖိအားဖြစ်စေခဲ့သည်။
ငွေလဲနှုန်းမတည်ငြိမ်ခြင်းသည် စီးပွား ရေးလုပ်ငန်းများအတွက် အဓိကအခက်အခဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏စက်တင်ဘာလ က ကောက်ယူခဲ့သော စစ်တမ်းတွင် ဖော်ပြ ခဲ့သည်။ ယင်းအချက်က ဇူလိုင်နှင့်သြဂုတ် လအတွင်း ငွေကြေးတန်ဖိုး သိသာစွာကျ ဆင်းသွားခြင်းကို ဖော်ပြနေသည်။ ပြီးခဲ့ သည့်လများအတွင်း မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာသော်လည်း နိုင်ငံခြား ငွေကြေး ပြတ်တောက်မှုများနှင့် ကုန်သွယ်မှု ကန့်သတ်ချက်များ ဆက်လက်ရှိနေဆဲဖြစ် သဖြင့် သွင်းကုန်တင်သွင်းနိုင်မှုအကန့်အ သတ်ဖြစ်စေသည်။ တစ်ပြိုင်နက်တည်းတွင် နိုင်ငံခြားငွေကို မြန်မာကျပ်ငွေသို့ မဖြစ်မနေ ပြောင်းလဲရသည့်စည်းကမ်းချက်မှာ ပြည်ပ ပို့ကုန်သမားများအတွက် အခွန်အမြောက် အမြား ပေးဆောင်ရသကဲ့သို့ဖြစ်စေပြီး နိုင်ငံ တကာစျေးကွက်တွင် လုပ်ငန်းပြိုင်ဆိုင်နိုင် စွမ်း လျော့ကျစေသည်။
လတ်တလော စီးပွားရေးညွှန်းကိန်းများမှာ အတက်အကျများစွာကို ညွှန်ပြနေ
စိန်ခေါ်မှုကြီးမားသည့် စီးပွားရေး နောက်ခံအခင်းအကျင်းတွင် လတ်တလော စီးပွားရေးညွှန်းကိန်းများမှာ အတက်အကျ များစွာကို ညွှန်ပြနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
လက်လီကုန်စည်စင်တာများတွင် လှုပ် ရှားသက်ဝင်မှုသည် ကိုဗစ်ကူးစက်မှုမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည် ဟု ဆိုနိုင်သော်လည်း လက်လီရောင်းချမှုမှာ အားနည်းလျက်ပင် ရှိသေးသည်။
ကုန်ကျစရိတ် ကြီးမြင့်လာသော်လည်း သယ်ယူပို့ဆောင်ရေးကဏ္ဍပြန်လည်သက်ဝင် လာသည်ဟု ဆိုနိုင်သည်။
သို့သော် နိုင်ငံတကာခရီးသွားများ ဝင် ရောက်မှုမှာမူ အလွန်နည်းပါးသည်။ ပြည်သူ့ အခြေခံအဆောက်အအုံ စီမံကိန်းများ ပြန် လည်သက်ဝင်လာခြင်းနှင့် လူနေအိမ်များ ဆောက်လုပ်ခြင်းတို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်တိုးချဲ့လာနေသည်။
သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှု တည်ငြိမ်နေဆဲဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဝင်ငွေလျော့နည်းလာမှုနှင့် ကုန်စျေးနှုန်းကြီး မြင့်လာမှုကြောင့် အကျပ်အတည်းဖြစ်နေ သည့် ပြည်တွင်းစျေးကွက်ကိုသာ အားထား နေရသော စီးပွားရေးလုပ်ငန်းများထက် ပြည် ပပို့ကုန်အပေါ် အားထားသည့်စီးပွားရေးလုပ် ငန်းများက ပိုမိုခံနိုင်ရည်ရှိကြောင်း တွေ့ရ သည်။
ပြည်ပကုန်စည်ပို့ကုန်မှာ ၂၀၂၁ ခုနှစ် ကာလကထက် မြင့်တက်လာသော်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ပြန်လည် လျော့နည်းသွားခဲ့သည်။ ဒေသတွင်း နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုမှာ ပြီးခဲ့သည့် နှစ်နှစ်တာကာလတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်စေနိုင်သည့် တွန်းအားမဖြစ်ခဲ့ ကြောင်း တွေ့ရသည်။
ပြည်သူ့ကြွေးမြီမှာ GDP ၏ ရာခိုင်နှုန်း ၆၀ အထက် မြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း
၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအ တွင်း ဘဏ္ဍာရေးလိုငွေ လျော့နည်းသွားခဲ့ သော်လည်း ပြည်သူ့ကြွေးမြီမှာ GDP ၏ ရာ ခိုင်နှုန်း ၆၀ အထက် မြင့်တက်သွားမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှုအစီရင်ခံစာတွင် ခန့်မှန်းထား သည်။
အခွန်ကောက်ခံနိုင်မှု တိုးတက်လာ ခြင်းနှင့် အသုံးစရိတ်လျော့နည်းခြင်းတို့ ကြောင် ့ဘဏ္ဍာလိုငွေသည် ၂၀၂၁ ဘဏ္ဍာ နှစ်တွင် GDP ၏ ၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၄ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းလာ မည်ဟု ခန့်မှန်းထားသည်။
ယင်းမှာ အရေးကြီးသည့် ပြည်သူ့ဝန် ဆောင်မှုကဏ္ဍများအား ထိခိုက်စေကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးနှစ်ခု ပေါင်း အသုံးစရိတ်များမှာ ၂၀၂၁ ဘဏ္ဍာ နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁၀ ဒသမ ၇ ရာခိုင် နှုန်းကျော်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၁၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခု နှစ် အောက်တိုဘာနှင့် ၂၀၂၂ ခုနှစ် မတ်လ အကြားတွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျ ဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ဘဏ္ဍာလိုငွေ များပြားလာခြင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်တွင် စီး ပွားရေး သိသိသာသာ ကျုံ့သွားခြင်း၊ နိုင်ငံ ခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းတို့ကို ဆက် တိုက်တွေ့ကြုံခဲ့ရသဖြင့် ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်သူ့ကြွေးမြီသည် GDP ၏ ရာ ခိုင်နှုန်း ၂၀ ကျော်အထိ မြင့်တက်သွားမည် ဟု ခန့်မှန်းရသည်။
ငွေစုစာချုပ်နှင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းမပြုတော့ဘဲ ဗဟိုဘဏ်မှ ငွေကြေးအထောက်အပံ့ တိုးမြင့်ရယူလာခဲ့ သည်။ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် မတ်လအထိ ၁၂ လတာကာလ မျှော်မှန်း ချက် အရ ပြည်သူ့ဘဏ္ဍာငွေ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်က ထောက်ပံ့ ပေးမည်ဖြစ်ပြီး ကျန်ငွေများကို ငွေတိုက်စာ ချုပ်များ ထုတ်ရောင်းခြင်း (၁၆ ရာခိုင်နှုန်း)နှင့် ပြင်ပေ<ကးမြီ (၁၉ ရာခိုင်နှုန်း) တို့ဖြင့် ဖြည့်ဆည်းမည်ဖြစ်ကြောင်း၊ ယင်းသည် အစိုးရ၏ စုစုပေါင်းဘဏ္ဍာလိုငွေများအား ဗဟိုဘဏ်မှ ထောက်ပံ့ပေးမှုလျှော့ချရန် ကြိုးပမ်းခဲ့မှုများကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သကဲ့သို့ ငွေကြေးဖောင်းပွမှု တိုးမြင့်လာ ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှု ဖိအားများ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ ဘဏ်၏ မြန် မာ့စီးပွားရေး စောင့်ကြည့်လေ့ လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာ လုပ်ငန်းရှင်များ၏
လက်ရှိမြန်မာ့စီးပွားရေးအပေါ် သုံးသပ်မှုများ စီးပွားရေးစစ်တမ်းများအရ ကဏ္ဍအ လိုက်အခြေအနေများ ကွဲပြားနေသည်။ အ ချို့စီးပွားရေးလုပ်ငန်းများမှာ ဝယ်လိုအား နည်းခြင်း၊ ကုန်စျေးနှုန်းမြင့်မားခြင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်ခြင်းတို့ကြောင့် အ ကျပ်အတည်း ရင်ဆိုင်နေရဆဲဖြစ်သော်လည်း ဒီဇင်ဘာလ စစ်တမ်းတွင်မူ စီးပွားရေးလုပ် ငန်းအတော်များများက အဆိုပါပြဿနာများ စိန်ခေါ်မှုအဖြစ် မဖော်ပြကြတော့ကြောင်း သိရသည်။
စိုက်ပျိုးရေးလုပ်ငန်းများကလည်း လုပ် ငန်းလည်ပတ်နိုင်စွမ်း တိုးလာကြောင်းနှင့် ပဋိပက္ခသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ် သည်ဟု ဖြေဆိုသည့် စိုက်ပျိုးရေးလုပ်ငန်း အရေအတွက် သိသိသာသာ လျော့ကျသွား ကြောင်း သိရသည်။
သို့ရာတွင် ကုန်ထုတ်လုပ်ငန်း ဝယ်ယူ နှုန်း မန်နေဂျာညွှန်းကိန်း - Manufacturing Purchasing Manager's Index အရ ဇူလိုင် လကတည်းက ထုတ်ကုန်နှင့် အမှာစာအသစ် များ လျော့နည်းသွားခဲ့သည်။ ကုန်ထုတ်စီး ပွားရေးလုပ်ငန်းများသည် ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ယခုနှစ် ဒီဇင်ဘာလတွင် ၎င်းင်းတို့ လုပ်ငန်းလုပ်ဆောင်နိုင်သည့် စွမ်းရည်ထက် လျှော့ချလည်ပတ်ခဲ့ရကြောင်း တင်ပြခဲ့ကြ သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမှုရှိကြောင်း၊ ကုမ္ပဏီ ၁၀၀ ခန့်သည် အထည်ချုပ်လုပ်ငန်းကုမ္ပဏီများ ဖြစ် ကြပြီး အခြားသော လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်အစရှိသည့် ကဏ္ဍများတွင် ကိုရီးယားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။
ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ် လျဉ်းပြီး ကိုရီးယားကုမ္ပဏီများ ဆက်လက်ရှင် သန်ရေးနှင့် မြန်မာအလုပ်သမားများ အလုပ် အကိုင် တည်မြဲရေးအတွက် ကုန်သည်စက်မှု အသင်းချုပ်၏ ထောက်ပံ့မှု၊ လမ်းညွှန်မှု၊ အကြံပြုမှုကို လိုအပ်ပါကြောင်း၊ ကိုရီးယား လုပ်ငန်းရှင်များအတွက် ဗီဇာရရှိရေး၊ သွင်း ကုန်၊ ပို့ကုန် လိုင်စင်ကန့်သတ်မှုများ ဖြေလျှော့ စေရေး၊ လျှပ်စစ်မီး၊ ဒေါ်လာငွေလဲလှယ်မှု နှုန်း၊ စျေးကွက် အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့လျက်ရှိခြင်းကြောင့် ကိုရီးယားစီး ပွားရေးအဖွဲ့ကို အကြံပြုကူညီပေးစေလို ကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ အ ကောင်းဆုံးသော Partner ဖြစ်ကြောင်းနှင့် လက်ရှိ အခက်အခဲ များကို ကုန်သည်စက်မှုအ သင်းချုပ်တွင် ဖွဲ့စည်းထားသည့် help desk မှတစ်ဆင့် သက်ဆိုင်ရာ မူဝါဒချမှတ်သူများ၊ ကော်မတီများသို့ တင်ပြပေးသွားမည်ဖြစ် ကြောင်း၊ အခက်အခဲ ပြဿနာများကို သေ ချာစွာ တင်ပြ ပေးရန်နှင့် နှစ်ဦးနှစ်ဖက်လုံးအ ကျိုးရှိစေမည့် နည်းလမ်းများကို အကြံပြု ထည့်သွင်းစေလိုကြောင်း၊ ကိုရီးယားလုပ်ငန်း ရှင်များနှင့် မြန်မာအလုပ်သမားများအတွက် အကောင်းဆုံးနည်း လမ်းကို ရှာဖွေစဉ်းစား၍ တင်ပြသွားမည်ဖြစ်ကြောင်း ကုန်သည်စက် မှု အသင်းချုပ်မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အလားတူ ဘတ်-ကျပ် လဲ လှယ်ရာတွင် transactions အဆင့်များနေခြင်း၊ ကန့်သတ် မှုများကို ဖြေလျှော့စေရေးနှင့် သွင်း ကုန်လိုင် စင်များရရှိရေး ထိုင်းစီးပွားရေးလုပ်ငန်းရှင် များက ဇန်နဝါရီ ၂၆ ရက်က ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံအခြေစိုက် thai business association in Myanmar (TBAM) ဥက္ကဋ္ဌနှင့် kasikorn bank ၏ chief reprentative ဖြစ်သူ Mr. nuttaphong visitkitchakarn နှင့်အဖွဲ့ဝင်များသည် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအေး ဝင်းနှင့် အဖွဲ့ဝင်များထံ ဇန်နဝါ ရီ ၂၅ ရက်က တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ထိုင်း-မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စီးပွားရေးအ ခွင့်အလမ်းများနှင့် capacity building မြှင့်တင်ရေး၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ် ရေးတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး၊ ဘတ်-ကျပ် လဲလှယ်ရာတွင် transactions အဆင့် များနေခြင်း၊ကန့်သတ် မှုများကို ဖြေလျှော့စေရေးနှင့် သွင်းကုန်လိုင်စင် များ ရရှိရေး၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် MIC တွင် အချိန်နှစ်ပတ်မှ သုံးပတ် အထိ အချိန်စောင့်ဆိုင်းရခြင်းများ တွေ့ကြုံ ရခြင်း၊ ခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက် နိုင်ငံခြားသားများ ဝင်ရောက်ရာတွင် bound insurance ဝယ်ယူရခြင်းသည်အဟန့် အတား ဖြစ်စေသဖြင့် in bound insurance ဝယ်ယူရခြင်းကို ဖြေလျှော့စဉ်းစားပေးစေ လိုရေး စသည်တို့ကို ထိုင်းဘက်မှ ဆွေးနွေး ခဲ့သည်အပေါ် အသင်းချုပ်မှ ပြည်တွင်းရင်း နှီးမြှုပ်နှံသူများအတွက်သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက်ပါ စီးပွားရေးလုပ် ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ခြင်း၊ သက်ဆိုင်ရာ ကော်မတီများ ကို ညှိနှိုင်းတင်ပြပေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာ့စီးပွားရေး သုံး-ရာခိုင်နှုန်းခန့် တိုးလာနိုင်
ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ် ထက် များစွာနိမ့်ကျနေဦးမည်ဖြစ်သော် လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံး-ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့ လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
Covid-19 ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးရိုက်ခတ်မှုများကြောင့် ကာလတို စီးပွားရေး ပြန်လည်သက်ဝင်လာနိုင်မှုမှာ နှေးကွေးနေဆဲဖြစ်နိုင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သိသာထင်ရှားသည့် မက် ခရိုစီးပွားရေးနှင့် စည်းမျဉ်းစည်းကမ်း မရေရာမှုများ၊ လတ်တလောပဋိပက္ခများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက် လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့်ဖြစ်သည်။
သွင်းအားစုရှားပါးမှုနှင့် ဝယ်လိုအား လျော့နည်းမှုတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် လူ တစ်ဦးချင်း GDP သည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်မည်ဟု ခန့်မှန်းထားသည်။
မြန်မာ့GDP သည် ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စွမ်း မရှိသေးသဖြင့် ဒေသတွင်းအခြားသောနိုင်ငံ များနှင့် များစွာကွာခြားလျက်ရှိကြောင်း၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံ ကြီး များအားလုံး၏ GDP သည် ၂၀၁၉ ခုနှစ် မတိုင်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။
သို့သော် စီးပွားရေးခန့်မှန်းချက်များကို အပြောင်းအလဲဖြစ်စေနိုင်သည့် အကြောင်း အရာများ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ် က ဆိုသည်။
၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟု စီစဉ် ထားသည့် ရွေးကောက်ပွဲများကြောင့် ပဋိ ပက္ခ ပိုမိုဆိုးရွားလာနိုင်ခြေရှိသဖြင့် စီးပွား ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ဆောင် ရန် ယုံကြည်မှုအပေါ် ဖိအားဖြစ်စေကာ စီး ပွားရေးလုပ်ငန်းများကို အတားအဆီးဖြစ် နိုင်ကြောင်း၊ ကမ္ဘာ့အခြေအနေတွင်လည်း ရှေ့လာမည့်လများတွင် ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်း၊ ပထဝီနိုင်ငံရေးတင်းမာမှု များနှင့် ကမ္ဘာ့ကုန်စည်စျေးနှုန်းများအ ပြောင်းအလဲများသည် ယခု baseline တွင် ယူဆထားသည်ထက် ပို၍ စိန်ခေါ်လာနိုင် သည့်အခြေအနေများလည်း ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ထောက်ပြ ထားသည်။










