အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးကြောင်း အမိန့်ထုတ်ပြန်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးကြောင်း အမိန့်ထုတ်ပြန်
Published 3 February 2023
ဘိုဘိုမြင့်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးကြောင်း ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သည် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမို ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့ တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ် မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်း လိုက် ကြောင်း အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်း ကြောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲ အပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်ကြောင်း အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်စခန်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ မကြာခဏ ပစ်ခတ်တိုက် ခိုက်ခံနေရသည့်အပြင်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူများမှာလည်း မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အတူ ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ၏နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ လက်နက် ကြီးကျည်ထိမှန်ဖျက်ဆီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်း တွင် လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ် မြေ အတွင်းရှိ မြို့နယ်ပေါင်း သုံးမြို့နယ် အပြင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ် နယ်မြေအတွင်းရှိ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင် လယ်ဘူးမြို့နယ်၊ မြောင်မြို့နယ်၊ ဆားလင်း ကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့ နယ်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့ နယ်၊  ပေါက်မြို့နယ်၊ မြိုင်မြို့နယ်များ၊ ချင်း ပြည်နယ် တီးတိန်မြို့နယ် ၊ တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီ မြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့ နယ် တို့ကိုလည်း အုပ်ချုပ်ရေး နှင့် တရားစီရင် ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီ၏ တောင်ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ အုတ်ဖို မြို့နယ်၊ နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့ နယ်၊ ပေါက်ခေါင်းမြို့နယ်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်းရှိ ဒီမော့ဆိုမြို့နယ်၊ ဖရူးဆိုမြို့နယ်၊ ရှားတော မြို့နယ်နှင့် ဘော်လခဲမြို့နယ်များကိုလည်း အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာ စစ် အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။          

 

Most Read

Most Recent