ဂျီဟတ်များ၏ ခြိမ်းခြောက်မှုကို ခံနေရသော ၎င်းတို့၏ လူသူအရောက်အပေါက်နည်းသည့် ရွာမှထွက်ပြေးလာခဲ့ပြီးနောက် အိုင်ချာတာဟက်ဆန်အမည်ရှိ အမျိုးသမီးသည် ၎င်း၏ ၁၂နှစ် အရွယ်သမီးတည်ရှိမှုနေကို အာဏာပိုင်များအား သက်သေပြရန်နောက်ထပ်စိန်ခေါ်မှုတစ်ခုနှင့် ကြုံတွေ့လာရပြန်သည်။
နိုင်ဂျာနိုင်ငံရှိ အခြားမရေတွက်နိုင်သော ကလေးများကဲ့သို့ပင် နာဒီရာတွင်မွေးစာရင်းမရှိသည့်အတွက် သူသည် မိသားစု နှင့်အတူနေရပ်အသစ်သို့ ရောက်ရှိချိန်၌ အလယ်တန်းကျောင်းသို့ အပ်နှံနိုင်ခြင်းမရှိသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်။
မိုးခေါင်သည့် နိုင်ဂျာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအရ အလျင်မြန်ဆုံး တိုးပွားနေသည့် နိုင်ငံဖြစ်သည့်အပြင် အဆင်းရဲ ဆုံးနိုင်ငံလည်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်းတွင် ဖော်ပြထားသည်။
လူဦးရေ ၂၅ သန်းဝန်းကျင်၏ထက်ဝက် နီးပါးသည် အသက် ၁၅ နှစ်အရွယ်များဖြစ်ကာ လက်ရှိအချိန်တွင် ကလေးများ၏ ၄၀ ရာခိုင်နှုန်းသည် မွေးဖွားပြီးနောက် တရားဝင်မွေးစာရင်းမရှိသူများဖြစ်သည်။
ယင်းဖြစ်စဉ်သည် ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် ဝေးလံသောအစိုးရကိုယ် စားလှယ်ထံသွားရောက်ပြီး စာရွက်စာတမ်းများကို လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးနှင့် ကုန်ကျစရိတ်မရှိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း မိသားစုအများအပြားသည် မွေးကင်းစကလေးများကို ရက်ပေါင်း ၆၀ အတွင်းမွေးစာ ရင်းပြုလုပ်ရန် ပျက်ကွက်ခဲ့ကြရသည်။
မွေးစာရင်းမရှိသူများသည် ၎င်းတို့၏ကျေးရွာအသိုက်အဝန်းတွင် တစ်ဘဝစာနေ ထိုင်ရန်အတွက် ပြဿနာမရှိသော်လည်း ဟက်ဆန်နှင့် ၎င်း၏မိသားစုကဲ့သို့ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ယင်းသည်ကြီးမားသည့် ခေါင်းခဲစရာကိစ္စတစ်ရပ်ဖြစ်နေသည်။
နာဒီရာ၏ ညီမဖြစ်သူ အသက်ကိုးနှစ်အရွယ် ဇီနီဘာနှင့် မောင်ဖြစ်သူအသက်လေး နှစ်အရွယ် အက်ဘ်ဒိုကာရင်မ်တို့သည်လည်း မွေးစာရင်းမရှိသေးပေ။
၎င်းတို့မောင်နှမသုံးဦးလုံးကို မွေးစာရင်းသွင်းရန် အစိုးရတာဝန်ရှိသူမရှိသည့်နိုင်ငံအနောက်ပိုင်း တီလာဘီရီဒေသရှိ အယ်ဇူးရွာငယ်လေးတွင် တည်ရှိသောနေအိမ်တွင်မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာတို့ ပေါင်းစုံသည့်နယ်စပ်ဒေသဖြစ်သည့် ယင်းရွာလေးတွင် လွန်ခဲ့သည့် ငါးနှစ်ကျော်ကဂျီဟတ်များ၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။
နိုင်ဂျာစစ်တပ်က လွန်ခဲ့သည့်သီတင်းပတ်ကပင် ယင်းဒေသ၌ စစ်သွေးကြွ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်များကို သိမ်းဆည်းနိုင်ခဲ့ပြီးမော်တော်ဆိုင်ကယ် အစီး ၁၃၀ ကျော်ကိုဖျက်စီးနိုင်ခဲ့သည်ဟု နိုင်ဂျာကာကွယ်ရေးဝန်ကြီးဌာ နကထုတ်ပြန်ခဲ့သည်။ယင်းဒေသတွင်အယ်ကေဒါနှင့် IS အဖွဲ့တို့နှင့် ဆက်နွှယ်သည့်သူ ပုန်များ ပုန်ကန်ထကြွလျက်ရှိသည်။
သောင်းကျန်းသူများသည် အယ်ဇူးမြို့သို့ မော်တော်ဆိုင်ကယ်များဖြင့် စီးနင်းဝင်ရောက်လာခဲ့ပြီး အစပိုင်းတွင် ကျွဲနွားတိရစ္ဆာန်အနည်းငယ်ကို ယူဆောင်သွားခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင်သူတို့သည် ရွာသူကြီးကို သတ်ပစ်ခဲ့သည်။
ယင်းအခြေအနေသည် ဟက်ဆန်အား ၎င်း၏ကလေးများနှင့်အတူ ခြေလျင်ထွက်ပြေးသည့်အနေအထားသို့ ရောက်ရှိစေခဲ့ပြီး ၎င်းတို့သည် ဆာကိုအီရာမြို့သို့ရောက်ရှိရန် မိုင် ၂၀ ခန့် လမ်းလျှောက်ခဲ့ကြသည်။
နာဒီရာ၊ဇီနီဘာနှင့် အက်ဘ်ဒိုကာရင်မ်တို့ကို ဒေသခံကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်ရန် စိတ်ကူးထားသည်။
ခေတ်မမီတော့သည့် စာရွက်စာတမ်းယဉ်ကျေးမှု
သို့သော် နာဒီယာအား အလယ်တန်းကျောင်းတွင် ပထမနှစ်တက်ရောက်နိုင်ရန်အတွက် စာမေးပွဲဖြေဆိုရန်ကျောင်းအပ်ချိန် တွင် မွေးစာရင်းမရှိခြင်းသည် ကျော်လွှား၍မရနိုင်သော ပြဿနာတစ်ရပ်ဖြစ်ကြောင်း အထင်အရှားသက်သေပြနေသည်။
“ကျောင်းက ကလေးအများစုဟာ ဒီအခြေအနေမှာ ရှိနေပါတယ်”ဟု လုပ်သက်နှစ် ၃၀ ရှိသည့် ကျေးလက်စာသင်ကြားရေးအကြံပေး အိုင်ဒရီဆာ အီလီရက်ဆောကပြောကြားခဲ့သည်။
“မွေးစာရင်းမရှိတဲ့ ကလေးတွေအနေနဲ့ အရွယ်ရောက်လာတဲ့အခါ မှတ်ပုံတင်လည်း မရနိုင်ပါဘူး။သူတို့တွေဟာ အပယ်ခံတွေဖြစ် လာပါလိမ့်မယ်”ဟု၎င်းကဆိုသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင်ပါဝင်သည့် နိုင်ဂျာနိုင်ငံတွင် မှတ်ပုံတင်စာရွက်စာတမ်းပြုလုပ်ခြင်းသည်လည်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကစာရွက် ပေါ်အခြေခံပေမယ့် ဒါကခေတ်ကုန်နေပါပြီ။ ကျွန်တော်တို့တွေ ကွန်ပျူတာအသုံးပြုသင့်ပါတယ်”ဟု အမျိုးသားအဆင့် ညွှန်ကြားရေးမှူး အီဘရာဟင် မန်လန်ဂိုနီကဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းမှ ထောက်ပံ့မှုနှင့်အတူ နိုင်ဂျာသည် ယင်းပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းနေသည်။
ကွန်ပျူတာအသုံးပြုခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများ၊ ပွဲတော်များ၊NGO လှုပ်ရှားမှုများအားလုံးကို စတင်လုပ်ဆောင်လျက်ရှိသည်။
“၂၀၃၀ ပြည့်နှစ်မှာ လူဦးရေတစ်ရပ်လုံး စာရင်းသွင်းနိုင်တဲ့ ရည်မှန်းချက်အတတ်နိုင်ဆုံး ပြည့်မီနိုင်ဖို့ ဒီဆောင်ရွက်ချက်တွေအများအပြားကို ဆက်လက်လုပ်ဆောင်ချင်ပါတယ်” ဟု မန်လန်ဂိုနီကဆိုသည်။
နိုင်ဂျာတွင် လက်ရှိအချိန်အထိ မွေးဖွားမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို စာရင်းသွင်းထားသော်လည်း ယင်းသည် ကလေး ၁၀ ဦးတွင် လေးဦးကိုနိုင်ငံတော် ကအသိအမှတ်မပြုသေးသည့်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ယင်းတိုင်အောင် ၂၀၀၇ ခုနှစ်တွင်မွေးစာရင်းသွင်းမှုသည် ၃၀ ရာခိုင်နှုန်းသာရှိသည့်အတွက် ယခုစာရင်းသွင်းသူအရေအတွက်သည် ထူးခြားသည့်အဆင့်တစ်ခုအထိရောက် ရှိလာသည်ဟု ၎င်းကပြောကြားခဲ့သည်။
မှတ်ပုံတင်သည် ကျောင်းအပ်နှံရန်၊ ဘဏ်အကောင့်ဖွင့်ရန်၊ မဲပေးရန် သို့မဟုတ် ရဲစစ်ဆေးရေးဂိတ်များကို ဖြတ်ကျော်ရန်အ တွက် လိုအပ်သည်။
မျှော်လင့်ချက်သယ်ဆောင်လာခြင်း
“နိုင်ငံသား စာရွက်စာတမ်းနဲ့ မွေးစာရင်းရရှိခြင်းဟာ အရာအားလုံးအတွက်ကြို တင်သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်”ဟုနော် ဝေဒုက္ခသည်ကောင်စီ(NRC) ၏အထွေထွေ အတွင်းရေးမှူး ဂျန်အက်လန်းက ပြောကြားခဲ့သည်။
နိုင်ဂျာ၏ပြဿနာကို ငွေကြေးအနည်းငယ်နှင့် ဖြေရှင်းနိုင်သည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ရဲ့အလုပ်က မျှော်လင့်ချက်တွေကို သယ်ဆောင်လာပေးဖို့ပါ။ကျွန်တော်တို့ အရမ်းလိုအပ်နေတဲ့ အစိမ်းရောင် စွမ်းအင်ကဏ္ဍအပါအဝင် ဒီလူငယ်တွေကို နောက်လာမယ့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်စေချင်သလား ဒါမှမဟုတ်ခါးသီးမှုတွေကို ရင်ဆိုင်နေရတဲ့လူကြီးတွေဖြစ်လာစေချင်လား”ဟု ၎င်းကမေးမြန်းခဲ့သည်။
ဆာကိုအီရာရှိ ကြက်သွန်နီစိုက်ပျိုးသူ ကာတိုမီယူဆော့ဖ်က ၎င်းတွင် စာရွက်စာတမ်းတစ်စုံတစ်ရာ မရှိခဲ့ကြောင်းပြောကြားခဲ့ သည်။
“ကျွန်မတို့ အမျိုးသမီးတွေ၊ ဝေးဝေးလံလံလည်း ခရီးမသွားကြပါဘူး။ဒီရွာထဲမှာတော့ ဒါတွေမလိုအပ်ပါဘူူး”ဟု၎င်းင်းကဆို သည်။သို့သော် ဂျီဟတ်များသည် ၎င်းတို့အိမ်တံခါးကို လာခေါက်ချိန်၌ အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်။စစ်တပ်စစ်ဆေးရေး ဂိတ်များအများအပြားရှိနေပြီး ယင်းတို့ကို ကျော်ဖြတ်ရန် စာရွက်စာတမ်းမရှိခြင်းသည် အိပ်မက်ဆိုးတစ်ခု ဖြစ်လာသည်။
“ ကြက်သွန်နီတွေ ရောင်းဖို့ ဒါမှမဟုတ် မင်္ဂလာဆောင်သွားဖို့ မြို့ထဲသွားတဲ့အခါအချိန်တိုင်း ဖြတ်သန်းခွင့် ရရှိဖို့ စစ်သားတွေကို ပိုက်ဆံပေးနေရပါတယ်”ဟုယူဆော့ဖ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်ဟက်ဆန်ကဲ့သို့ပင် ယူဆော့ဖ်သည်လည်း စာရွက်စာတမ်းမှန်မှန်ကန်ကန် ရရှိနိုင်ရန် နယ်လှည့်တရားသူကြီးတစ်ဦး ရောက်ရှိလာချိန်ကို စောင့်မျှော်လျက်ရှိသည်။
Ref: AFP










