စွမ်းအားပြည့်ဝကောက်ပဲသီးနှံများ - အာဟာရပြည့်စူပါအစေ့အဆန်များ

စွမ်းအားပြည့်ဝကောက်ပဲသီးနှံများ - အာဟာရပြည့်စူပါအစေ့အဆန်များ
Published 25 January 2023
ပါမောက္ခ Rajeev K Varshney

စူပါအစေ့အဆန်၊ စူပါအစားအစာနှင့် အံ့ဩဖွယ်အစေ့အဆန် စသည်တို့သည် လူတို့သိကြသည့်ရှေးအကျဆုံးအစားအစာများထဲမှ တစ်ခုဖြစ်ပြီး အိမ်တွင်းစားသုံးရန်အတွက် အသုံးပြုသောကောက်ပဲသီးနှံများကို ဖော်ပြရန်အတွက် သုံးလေ့ရှိသည့် နာမဝိသေသနအချို့ဖြစ်သည်။ အိန္ဒိယနိုင်ငံမှကမကထပြုပြီး နိုင်ငံပေါင်း (၇၀) ကျော်က ထောက်ခံအားပေးသည့် ၂၀၂၃ခုနှစ် ကို အပြည်ပြည်ဆိုင်ရာကောက်ပဲသီးနှံနှစ်အဖြစ် ကြေညာရန် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှ တညီတညွတ်တည်းအတည်ပြုခဲ့ခြင်းသည် ကမ္ဘာ့စားနပ် ရိက္ခာစနစ်အတွက် ဤအစေ့အဆန်များ၏ အရေးပါမှုနှင့်အကျိုးကျေးဇူးများကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပံ့ပိုးမှုကို အလေးပေးဖော်ပြသည်။

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ဟောင်း TS Tirumurti က အဆိုပါဆုံးဖြတ်ချက်ကိုအတည်ပြုစဉ်အတွင်း အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားရာတွင် “ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့်အစားအသောက်ကဏ္ဍချိတ်ဆက်မှုများ တိုးတက်စေရန် တို့အတွက် ကောက်ပဲသီးနှံ များ၏ အာဟာရနှင့်ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများကို စားသုံးသူများ၊ ထုတ်လုပ်သူများနှင့်ဆုံးဖြတ်ချက်ချမှတ်သူများအား ပိုမိုသိရှိစေရန် အရေးတကြီးဆောင်ရွက်ရန် လိုအပ်သည်”ဟုထည့်သွင်းပြောကြားခဲ့သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ နီပေါ၊ နိုင်ဂျီးရီးယား၊ ရုရှား၊ဆီနီဂေါနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏ ပူးပေါင်းပံ့ပိုးကူညီမှုအားလုံးကို ကျေးဇူးတင်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ရှေးခေတ်အိန္ဒိယကျမ်းစာအများအပြားတွင် ကောက်ပဲသီးနှံကိုရည်ညွှန်းပြောကြပြီး Harappa နှင့်Mohenjo-daro တို့၏ ရှေးဟောင်းသုတေသနနေရာများတွင် ကောက်ပဲသီးနှံများ၏ သဲလွန်စများကိုတွေ့ရှိခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း ကောက်ပဲသီးနှံများသည် ကျွန်ုပ်တို့၏နေ့စဉ်စားသောက်မှု၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ယခုခေတ်ကာလ၌ အိန္ဒိယလယ်သမားများကြားတွင် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းသည် သွင်းအားစုအနည်းငယ်သာ လိုအပ်ပြီး အထူးသဖြင့် ကြမ်းတမ်းပြီး ခြောက်သွေ့သောပတ်ဝန်းကျင်တွင် စီးပွားရေးအရ အလားအလာရှိသော ရွေးချယ်မှုတစ်ခုလည်းဖြစ်သည်ဟု သိလာကြသည်။

ဤအချက်ကိုကောက်ပဲသီးနှံများ၏ ကျန်းမာရေးအကျိုးကျေးဇူး များနှင့် ပတ်သက်၍ အသစ်တွေ့ရှိထားသောအသိပညာအားဖြင့် ထောက်ခံထားသည်။ ထို့အပြင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယအစိုးရသည်နှံစားပြောင်းစိုက်ပျိုးရေးကို အားပေးရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်Narendra Modi ဦးဆောင်သော ပြည်ထောင်စုအစိုးရသည် ၂၀၁၈ခုနှစ်အား အာဟာရကြွယ်ဝသောအစေ့အဆန်များ ထုတ်လုပ်မှု မြှင့်တင်ရန် ကောက်ပဲသီးနှံဆိုင်ရာ အမျိုးသားနှစ်အဖြစ်သတ်မှတ်ကြေညာခဲ့သည်။

ကောင်းမွန်ပြည့်စုံသောအစားအစာကောက်ပဲသီးနှံများသည် အာရှနှင့် ဆာဟာရအောက်ပိုင်း အာဖရိကတစ်ဝှမ်းရှိ သန်းနှင့်ချီသောလယ်သမားငယ်များအတွက် အရေးကြီးသော အဓိကသီးနှံဖြစ်သည်။ ၎င်းတို့ကို အာဟာရကောက်နှံ သို့မဟုတ်ကုန်းမြေကောက်နှံများဟုလည်း ခေါ်ကြပြီး sorghum (jowar), pearl millet (bajra), finger millet (ragi), foxtailmillet (kangni), proso millet (chena), barnyard millet (samvat ke chawal) and kodo millet (kodon)တို့သည် မြင့်မားသော အာဟာရ အကျိုးကျေးဇူးများကို ပေးဆောင်သည်။ ကောက်ပဲသီးနှံများကိုစားသုံးသူများ၊ ကမ္ဘာမြေနှင့် တောင်သူလယ်သမားများအတွက် ကောင်းမွန်သော 'Smart Food' ဟုလည်းခေါ်ဆိုပါသည်။ ဥပမာအားဖြင့်၊ finger milletတွင် နို့ကဲ့သို့ ကယ်လ်စီယမ် ပမာဏ သုံးဆရှိပြီး ဂျုံအများစုတွင်သံနှင့် ဇင့်ပါဝင်မှု အလွန်မြင့်မားပြီး၊ glycemic index နည်းပါးကာ၊ ပရိုတင်းနှင့် အမျှင်ဓာတ်များ ကောင်းမွန်ပြီး

gluten ကင်းစင်ပါသည်။

ကောက်ပဲသီးနှံများသည် ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံးပြဿနာအချို့ဖြစ်သည့်အစားအသောက်မူမမှန်ခြင်း (အာဟာရချို့တဲ့ခြင်းမှ အဝလွန်ခြင်း)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ (ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု)၊ကျေးလက်ဆင်းရဲမွဲတေမှု စသည်တို့ကို တစ်ညီတစ်ညွတ်တည်း ဖြေရှင်းရာတွင်လည်း ပါဝင်ကူညီနိုင်သည်။

၎င်းတို့တွင် ကာဗွန်ထုတ်လုပ်မှု နည်းပါးပြီး ပူနွေးသော ရာသီဥတုတွင် ရေအနည်းငယ်ဖြင့်ရှင်သန်ကြီးထွားနိုင်စွမ်းရှိသည်။ ၎င်းတို့သည် ရာသီဥတုမျှတပြီး ရေနှင့် ဓာတ်မြေသြဇာ အမြောက်အမြားလိုအပ်သည့် ဆန်နှင့် ဂျုံသီးနှံများနှင့် နှိုင်းယှဉ်ပါက လယ်သမားများအတွက် စွန့်စားခြင်း စီမံခန့်ခွဲမှုနည်းဗျူဟာတစ်ရပ်အဖြစ် ဖွဲ့စည်းထားသည်။

အိန္ဒိယ၏ဦးစားပေး ကောက်ပဲသီးနှံများရောမမြို့ရှိ စားနပ်ရိက္ခာဖူလုံရေးကော်မတီအတွင်း အိန္ဒိယကောက်ပဲသီးနှံများကိုနိုင်ငံတကာရှေ့မှောက်သို့ ဆောင်ကြဉ်းရန် ကြိုးပမ်းမှုများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။

အိန္ဒိယအစိုးရ (GOI)၊ စိုက်ပျိုးရေးသုတေသနအဖွဲ့ International Crops Research Institute for the Semi-Arid Tropics (ICRISAT) နှင့် အခြားသော သက်ဆိုင်သူများ ပါဝင်သော အစည်းအဝေးများသည် FAOဌာနများနှင့် ရောမမြို့ရှိ အိန္ဒိယသံရုံးတို့နှင့်အတူ အကြံဉာဏ်များကိုဖော်ထုတ်ရန် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တွင် ကျင်းပခဲ့ပါသည်။ ဤကနဦးစတင်ဆောင်ရွက်ပြီးနောက်၊ ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် အိန္ဒိယအစိုးရ၏ ယခင်ကစိုက်ပျိုးရေး ဝန်ကြီး Radha Mohan Singh သည်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံသို့ ၂၀၁၈ ခုနှစ်အပြည်ပြည်ဆိုင်ရာကောက်ပဲသီးနှံနှစ်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစီအစဉ်တွင် အဆိုပြုချက်ကိုထည့်သွင်းပါရန် စာရေးတောင်းဆိုခဲ့သည်။

ဤလုပ်ငန်းစဉ်သည် ပုံမှန်အားဖြင့် ငါးနှစ်ကြာနိုင်သော်လည်း အိန္ဒိယနိုင်ငံအစိုးရ၊ ICRISAT၊နိုင်ငံတကာ စိုက်ပျိုးရေးသုတေသန အတိုင်ပင်ခံအဖွဲ့ (CGIAR)၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားလူမှုဖူလုံရေး ဝန်ကြီးဌာန၏ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) နှင့် ၎င်း၏ကောက်ပဲသီးနှံသုတေသနအဖွဲ့ ICAR၊ - Indian Institute of Millets Research (IIMR) သည်အခြားသက်ဆိုင်ရာများနှင့်အတူကြိုးပမ်း၍ ၂၀၂၁ ခုနှစ်တွင် အကောင်အထည် ပေါ်ခဲ့သည်။

စိုက်ပျိုးနိုင်သောမြေနှင့် ရေကဲ့သို့သော သဘာဝအရင်းအမြစ်များ လျော့နည်းလာခြင်းနှင့် တိုးပွားလာသောလူဦးရေ၏ အစားအစာနှင့် အာဟာရလိုအပ်ချက်များကို ပြည့်မီရန် ပိုမိုထုတ်လုပ်ရန် လိုအပ်နေကြောင်းကမ္ဘာကြီးက သတိပြုမိသည်မှာ အားတက်စရာပင်ဖြစ်သည်။ ဆန်နှင့် ဂျုံကဲ့သို့ အဓိကကောက်ပဲသီးနှံများသည်ကျွန်ုပ်တို့၏ ရိုးရာအစားအစာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း ရေဆုံးရှုံးရသောကြောင့် ကျွန်ုပ်တို့၏ကောက်ပဲသီးနှံစိုက်ပျိုးသည့်စနစ်ကို သင်တော်သည့် အခြားစိုက်ပျိုးသည့် နည်းလမ်းများရှာဖွေရန်ကျွန်ုပ်တို့၏ လယ်သမားများ၊ စားသုံးသူများနှင့် မူဝါဒချမှတ်သူများကို စိန်ခေါ်လျက်ရှိပါသည်။

ကောက်ပဲသီးနှံများသည် ဤလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည်။စိုက်ပျိုးရန်လွယ်ကူခြင်းမိုးခေါင်ရေရှားမှု၊အပူချိန်မြင့်မားမှုနှင့် အခြားရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသောကောက်ပဲသီးနှံ များကို မြေသြဇာနည်းသောမြေ၊ တောင်တန်းဒေသနှင့် မိုးနည်းသော အိန္ဒိယနိုင်ငံရှိ AndhraPradesh၊ Chhattisgarh၊ Gujarat၊ Haryana၊ Madhya Pradesh၊ Odisha၊ Rajasthan Maharashtra၊Karnataka၊ Uttar Pradesh၊ Tamil Nadu နှင့် Telangana ကဲ့သို့သော ဒေသများတွင် စိုက်ပျိုးကြသည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာကောက်ပဲသီးနှံထုတ်လုပ်မှုသည် တန်ချိန် သန်း (၉၀) ခန့်ရှိပြီး အိန္ဒိယ၏ထုတ်လုပ်မှုသည် တန်ချိန် (၁၉)သန်းခန့်ရှိသည်။

သို့ရာတွင်ကောက်ပဲသီးနှံအများစုအတွက် ထုတ်လုပ်မှုစွမ်းအား အလွန်နည်းသောကြောင့် အိန္ဒိယနှင့်နိုင်ငံတကာ အဖွဲ့အစည်းများသည်နည်းလမ်းပေါင်းစုံကိုဖော်ထုတ် အသုံးပြု၍ သီးနှံအထွက်နှုန်းကို မြှင့်တင်ရန်လုပ်ဆောင် နေပါသည်။ ဥပမာအားဖြင့်၊ အဖွဲ့အစည်းပေါင်း 30 ပါဝင်သော Pearl Millet GenomeSequencing Consortium သည် ကောက်ပဲသီးနှံများအတွက်သာမက အခြားသောအဓိကကောက်နှံများအတွက်ပါ အသုံးဝင်နိုင်သည့် မိုးခေါင်ခြင်းနှင့် အပူဒဏ်ခံနိုင်မှုအတွက်မျိုးဗီဇကိုဖော်ထုတ်ခဲ့သည်။ ဤသုတေသနပြုချက်များသည် အထွက်နှုန်း မြင့်သော စပ်မျိုးများနှင့်အိန္ဒိယနိုင်ငံရှိ တောင်သူများ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများစွာအား ပြုစုပျိုးထောင်ရာတွင်အထောက်အကူဖြစ်စေပါသည်။

ကောက်ပဲသီးနှံစီမံချက်အမျိုးသားအဆင့်တွင် အိန္ဒိယအစိုးရသည် NITI Aayog ဦးဆောင်သော ကော်မတီ၏အကြံပြုချက်များနှင့်အညီ အာဟာရဖူလုံမှုရရှိစေရန် ကောက်ပဲသီးနှံစီမံချက်နှင့် ကောက်ပဲသီးနှံများစိုက်ပျိုးခြင်းကို မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ FAO ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi သည်ကောက်ပဲသီးနှံမျိုးနှစ်မျိုးနှင့် နှံစားပြောင်းမျိုးတစ်မျိုးအပါအဝင် သီးနှံရှစ်မျိုး၏ ဇီဝအားဖြည့်မျိုးကွဲ (၁၇)မျိုးအားပေးအပ်ခဲ့သည်။ အမျိုးသားစားနပ်ရိက္ခာဖူလုံရေးဥပဒေအရ အစိုးရ၏ ပဏာမခြေလှမ်းတစ်စိတ်တစ်ပိုင်း အနေဖြင့် ပြည်နယ်အစိုးရများအား ဆန်စပါးများကို သင့်တင့်သောသတ်မှတ် ဈေးနှုန်းဖြင့်ဝယ်ယူကာ အများသူငှာ ဖြန့်ဖြူးရေးစနစ် (PDS) အောက်တွင် ဖြန့်ဝေရန် အကြံပြုထားသည်။ အိန္ဒိယနိုင်ငံ၏အမျိုးသားအာဟာရမစ်ရှင် POSHAN Abhiyaan သည် ပြည်နယ်အစိုးရများအား Integrated ChildDevelopment Services, Mid-Day Meals စသည်တို့ကဲ့သို့သောကြီးမားသော လူထုအတွင်းဖြန့်ချီရေးစနစ်တွင်ကောက်ပဲသီးနှံများ ထည့်သွင်းရန် အကြံပြုထားသည်။

အစိုးရနှင့် သုတေသနအဖွဲ့အစည်းများသည်ကောက်ပဲသီနှံများ၏ ထုတ်လုပ်မှုပမာဏကို မြင့်မားစေရန်လုပ်ဆောင်နေစဉ် အာဟာရဗေဒပညာရှင်များနှင့် စားဖိုမှူးများသည် ထူးခြားသောကောက်ပဲသီးနှံဟင်းလျာများကို ဖန်တီးခြင်းဖြင့် ကောက်ပဲသီးနှံ မြှင့်တင်ရေးတွင် ပါဝင်နေကြပါသည်။

ပြောင်းဆန်များကို ချက်ပြုတ်ရန်လွယ်ကူသော နည်းများ၊ အဆင်ပြေသော အရသာရှိသောပြောင်းဆန်ချက်ပြုတ်နည်းများဖြင့် ကောက်ပဲသီးနှံမြှင့်တင်ရေးကို လုပ်ဆောင်နေပြီး နိုင်ငံတွင်းနှင့်နိုင်ငံတကာအဆင့်တွင် သက်ဆိုင်သူအားလုံးအကြား ၎င်းတို့၏ အာဟာရဆိုင်ရာ အကျိုးကျေးဇူးများနှင့်သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အရည်အသွေးများအကြောင်း ဖြန့်ဝေလျက်ရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာစနစ်များ ထိပ်သီးအစည်းအဝေး ၂၀၂၁ တွင်လည်း အစားအသောက်စနစ်များရေရှည်တည်တံ့ခိုင်မာမှုရှိရေးအတွက် ထပ်လောင်းအခွင့်အရေးပေးထားပါသည်။ ၂၀၂၃ခုနှစ် ကို'နိုင်ငံတကာကောက်ပဲသီးနှံနှစ်' အဖြစ် ကြေငြာခြင်းသည် အဆိုပါ ကြိုးပမ်းအားထုတ်မှုအားလုံးကိုသေချာပေါက် အထောက်အကူပြုမည်ဖြစ်ပြီး ကောက်ပဲသီးနှံသည် အားလုံးအတွက် လူကြိုက်များပြီးကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ အဖြစ် ရွေးချယ်စရာ ဖြစ်လာမည်ဖြစ်သည်။

[ပါမောက္ခ Rajeev K Varshney သည် International Crops Research Institute for Semi- AridTropics (ICRISAT), Hyderabad, India တွင် Research Program Director ဖြစ်ပြီး Food Futures Institute,Murdoch University, Australia ၏တွဲဖက်ပါမောက္ခဖြစ်သည်။]

Most Read

Most Recent