ဇန်နဝါရီ ၂၇ မှ ၂၉ ရက်အထိ ပြုလုပ်မည့် Myanmar Travel Fair တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချမည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့် ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာခြောက်လုံးပါရှိသော booking reference သို့မဟုတ် အမှတ်စဉ် ၆၆ ဖြင့် စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားပြည်တွင်းခရီးစဉ်များတွင် Online Check-in Service ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ် များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်ခင် ၂၄ နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်မည်ဖြစ်ပြီး Print ထုတ်ထားသော E-Boarding Pass အားဂိတ်တွင် ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။
Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ်ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ဝန်ကြီးများရုံးတွင် ကျင်းပမည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် အသွားအပြန်ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍ လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၆၀ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သိရသည်။
နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲ့ကြောင်း လေယာဉ်လက်မှတ်များအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်း နိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူ အချို့၏ ပြောကြားချက်အရ သိရသည်။
၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံ တွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရသည် ၎င်းင်းတို့ နိုင်ငံ တွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာ နိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကိုသာ ရရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။