၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော်ဖြစ်ပေါ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော်ဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 22 January 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပ မာဏက ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန် သွယ်မှုနှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၆၅၃၆ ဒသမ၃၈၆ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ ကုန်တင်ပို့မှုပမာဏ ဒေါ်လာ၁၃၀၆၀ ဒသမ ၈၀၇ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ် လာ ၁၃၄၇၅ ဒသမ ၅၇၉ သန်းအထိ ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှု ထက် ဒေါ်လာ ၄၁၄ ဒသမ ၇၇၂ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ၂၀၁၈၂ ဒသမ ၃၉၀ သန်းရရှိသည်။ ယင်း အနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၈၄၂၆ ဒသမ ၅၀၀ သန်းသာရှိပြီး သွင်းကုန် တင်သွင်းမှု ဒေါ်လာ ၁၁၇၅၅ ဒသမ ၈၉၀ သန်းရှိသည်။

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာ ၆၃၅၃ ဒသမ ၉၉၆ သန်းရှိပြီး ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄၆၃၄ ဒသမ ၃၀၇ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၇၁၉ ဒသမ ၆၈၉ သန်းသာရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေးလို ငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာငါးဘီလျံကျော်ရှိ ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent