မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့စေနိုင်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့စေနိုင်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး
 ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 20 January 2023

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့စေနိုင်ရေးနှင့်နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr Mongkol Visitstump  ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံရာတွင်ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံ သံအ မတ်ကြီး H.E.Mr Mongkol Visitstump  ဦးဆောင်သည့်အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ်  မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေးအား ဆောလျင်စွာ ပြန်လည်ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှုတွင် အဆင်ပြေချောမွေ့စေနိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၈၈၆ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၁၀၇၁ သန်းကျော်တင်သွင်းထားကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှစက်တင်ဘာလအထိ ခြောက်လအတွင်း မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၈၈၆ ဒသမ ၃၈၅ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၀၇၁ ဒသမ ၄၃၀ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၂၉၅၇ ဒသမ ၈၁၅ သန်းရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ ၅၄၇ သန်း၊ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၉၈၀ ဒသမ ၈၉၁ သန်းဖြင့်ကုန်သွယ်မှု ဒေါ်လာ ၅၂၆၈ ဒသမ ၄၃၈သန်းရရှိခဲ့ သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈သန်းရှိသည်။ ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင် သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းထားသည်။

Most Read

Most Recent