ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ စစ်တွေဆိပ်ကမ်းမှ ဧည့်မထ ငါးမတ်ဆန်တန်ချိန် ၂၅၀၀ ကို တိုက်ရိုက်တင်ပို့လျက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ စစ်တွေဆိပ်ကမ်းမှ ဧည့်မထ ငါးမတ်ဆန်တန်ချိန် ၂၅၀၀ ကို တိုက်ရိုက်တင်ပို့လျက်ရှိ
ရခိုင်ပြည်နယ်အတွင်းရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
ရခိုင်ပြည်နယ်အတွင်းရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
Published 19 January 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ စစ်တွေဆိပ်ကမ်းမှ ဧည့်မထငါးမတ်ဆန်တန်ချိန် ၂၅၀၀ ကို တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင်  ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလအတွင်း ပို့ကုန်ပမာဏ ဒေါ်လာ ၅ ဒသမ ၅၈ သန်းတင်ပို့ခဲ့ပြီး သွင်းကုန်ပမာဏ ဒေါ်လာ ၀ ဒသမ ၁၂ သန်း တင်သွင်းခဲ့သည်။

အဆိုပါသုံးလတာကာလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ  ဒေါ်လာ ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့ခဲ့ပြီး  စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပမာဏ ၄ ဒသမ ၀၈ သန်းခန့်ရှိခဲ့ကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့မှုအများဆုံးဖြစ်ပြီး ရေချိုငါးမြစ်ချင်း ၊ ငါးသလောက်နှင့် ဒေသထွက် ငါးနီတူခြောက်များကို အများစုတင်ပို့ခဲ့ကြသည်။

၂၀၂၃ ဇန်နဝါရီ ၇ ရက်မှ စတင်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းဆိပ်ကမ်းသို့ စစ်တွေဆိပ်ကမ်းမှ ဧည့်မထငါးမတ် ဆန်တန် ချိန် ၂၅၀၀ အား တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း  သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၃၈ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ၁ ရက်မှ မတ် ၃၁ ရက် အထိ ခြောက်လအတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁  ဒသမ ၂၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅ ဒသမ ၅၂၉  သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၇၄၄ သန်း ရရှိခဲ့သည်။ မောင်တောနယ်စပ် မှပို့ကုန် ဒေါ်လာ ၁၁ ဒသမ ၇၂၇ သန်း၊ သွင်းကုန် ဒေါ်လာ ၀ ဒသမ ၀၆၃ သန်းဖြင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၁ ဒသမ ၇၉၀ သန်းရရှိခဲ့သည်။

မြန်မာဖက်မှ ပို့ကုန်များအား ၂၀၂၁ ခု နှစ် အောက်တိုဘာ ၁၆ မှစတင်တင်ပို့ခဲ့ပြီး  ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ စစ်တွေနှင့် မောင်တောစခန်းနှစ်ခုမှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၀၀၁ သန်းတင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး(ငါးမြစ်ချင်း)အများဆုံး တင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံကလေးခြောက်တို့ကို တင်ပို့နိုင်ခဲ့သည်။

Most Read

Most Recent