နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် သွင်းအားစုများကို ကာလပေါက်စျေးအောက် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်မည်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် သွင်းအားစုများကို ကာလပေါက်စျေးအောက် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်မည်
ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ(၁/၂၀၂၃)အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-MOI)
ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ(၁/၂၀၂၃)အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-MOI)
Published 19 January 2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် သွင်းအားစုများကို ကာလပေါက် စျေးအောက်သုံးရာခိုင်နှုန်းမှငါးရာခိုင်နှုန်း လျှော့ချနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်သည့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းအတွက် ပြည်ထောင်စုအဆင့်လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ  ဒုတိယဝန်ကြီးက စီမံကိန်းအောင်မြင်ရေးကြီးကြပ်ရန် “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက်  ပြည်ထောင်စုအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီ”ကို ၂၀၂၂  ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စီမံချက်ရည်ရွယ်ချက်ခြောက်ချက်၊  စီမံကိန်းမူဘောင်ငါးချက်၊ ဆောင်ရွက်မည့် နည်းလမ်းသုံးရပ်နှင့် လုပ်ငန်းစဉ်  ၁၂ ရပ်တို့ ချမှတ်၍ ပဲတီစိမ်းနှင့် နွေစပါးသီးနှံကို အထူးပြုဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကြီး ကြပ်မှုကော်မတီများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊  ရန်ပုံငွေစီမံခန့်ခွဲမှုအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေအမည်ဖြင့်သက်ဆိုင်ရာ ငွေစာရင်းများသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး သုံးခုတွင်လည်းကောင်း၊ နွေစပါးသီးနှံစိုက် ပျိုးထုတ်လုပ်ခြင်းကို နေပြည်တော်၊ စစ်ကိုင်း၊  ပဲခူး၊  မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးခုနစ်ခုတို့တွင် လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်အရ ပဲတီစိမ်းဧက ၄၈၀၀၀၀ ကျော်နှင့် နွေစပါးဧက ၇၈၀၀၀၀ ကျော် ဆောင်ရွက်မည်ဖြစ်ပြီး  သွင်းအားစုကိုတောင်သူများ လက်ဝယ်အရောက်ရရှိစေရန်၊ သွင်းအားစု ကာလပေါက်စျေး အောက်သုံးရာခိုင်နှုန်း မှ  ၅ ရာခိုင်နှုန်း လျှော့ချရောင်းချနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကြီးကြပ်၍ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းများ စိုက်ပျိုးရာသီ အချိန်မီဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးများ၌ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့်  တောင်သူအစုအဖွဲ့များ စာချုပ်ချုပ် ဆိုခြင်းလုပ်ငန်းများ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့တို့၏  စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီများနှင့်  သွင်းအားစုရောင်းချသူတို့ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သွင်းအားစုများ တောင်သူလက်ဝယ် အရောက်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။