ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ လူမှုကူညီရေးကိစ္စများတွင် ပါတီနှင့်ပူးပေါင်းလုပ်ဆောင်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ လူမှုကူညီရေးကိစ္စများတွင် ပါတီနှင့်ပူးပေါင်းလုပ်ဆောင်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း
Published 10 January 2023

ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီရေးကိစ္စများတွင် ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၇ ရက်က ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူမှုအကူအညီပေးရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံရာတွင် ပါတီမှ တာဝန်ရှိသူများက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက မိမိတို့ပါတီအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ဖွဲ့စည်းပြီး အသွင်သစ်ဆက်ဆံရေးအား ဦးတည်အကောင်အထည်ဖော်ဆောင်နေသည့်ကိစ္စ၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီရေးကိစ္စများတွင်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနေမှုကိစ္စများအပြင် မိမိတို့ပါတီ၏ မူဝါဒလမ်းစဉ်များနှင့် နိုင်ငံတော်၏ လက်ရှိဖြစ်ရပ်မှန် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက မိမိတို့ပါတီမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလိုသည့် အခန်းကဏ္ဍများနှင့်ပတ်သက်၍ ပြောကြားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကို ထပ်မံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအကူအညီပေးရေးအသင်းအဖွဲ့ ၂၉ ဖွဲ့မှ လူဦးရေ ၂၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent