အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၇၀၁၂ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၇၀၁၂ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Published 4 January 2023

အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၇၀၁၂ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ထုတ်ပြန်သည်။

နစက၏အမိန့်စာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတာ်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ၇၀၁၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ပါရှိသည်။ 

Most Read

Most Recent