တရားဝင် ထုတ်ပြန်ချက်

တရားဝင် ထုတ်ပြန်ချက်
Published 16 December 2022

Advertisement

IGE သည် မြန်မာနိုင်ငံတွင် အရေးပါသောစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေး၏ အဓိကကျသော ကဏ္ဍများတွင် လွန်ခဲ့သည့် ၂၅ နှစ်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လည်ပတ် ဆောင်ရွက်ခဲ့ပါသည်။ IGE သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အခြေခံ စီးပွားရေး အဆောက်အအုံများဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ စွမ်းအင်၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဟိုတယ်ဝန်ဆောင်မှု အပါအဝင် အစရှိသည့် ကဏ္ဍအသီးသီးတွင် တိုးတက်မှုနှုန်းမြင့်မားသည့် မြင်သာထင်သာရှိသော ရလဒ်များကို ပေးဆောင်သည့် ကုမ္ပဏီစု တစ်ခုဖြစ်သည်။ IGE နှင့်ပတ်သက်သည့် မှားယွင်းသော သတင်းအချက်အလက်များ ထွက်ပေါ်လာသည့်အတွက် IGE အနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် မှန်ကန်သော ရှင်းလင်းသော သတင်းအချက်အလက်များကို ပေးဆောင်ရန် အရေးကြီးပါသည်။

၁။        IGE သည် နျူကလီယား ဓာတ်အားပေးစက်ရုံ နှင့် ရုရှားနိုင်ငံလုပ် လက်နက်များ ထုတ်လုပ်မှုတွင် မည်သည့်အခန်းကဏ္ဍာမျိုးကမှ ပါဝင်ပတ်သက် ဆက်စပ်မှုများ ယခင်ကတည်းကပင် မရှိခဲ့ပေ။  ။ ကုမ္ပဏီ လုပ်ငန်းရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ဆောင်ချက်နှင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များသည်  ကျွန်ုပ်တို့၏ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ရန်ကိုသာ ကျွန်ုပ်တို့မှ ကတိပြုထားကြပါသည်။

၂။       ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဉီးပြည်အောင်တို့သည် IGE ၏ လုပ်ငန်းပိုင်ဆိုင်မှုများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါ။ IGE သည် ထူးချွန်သော စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သော ကုမ္ပဏီတစ်ခုသာ ဖြစ်ပါသည်။ IGE လည်ပတ်မှုကို DICA တွင် မှတ်ပုံတင်ထားသော ဒါရိုက်တာဘုတ်အဖွဲ့ စာရင်းအရ ဖွဲ့စည်းတည်ဆောက်ထားပြီး BOD အဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု့များအတိုင်းသာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

၃။       IGE ၏ စီးပွားရေးခရီးစဉ်များအားလုံးသည် စီးပွားရေးတိုးတက်မှု၊ ချဲ့ထွင်မှု၊ လိုက်လျောညီထွေ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာများအတွက် ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်ဖြင့် ပါဝင်ခဲ့ပါသည်။

၄။       ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ဖော်ပြထားသည့်အတိုင်း IGE သည် လက်နက်၊ နျူကလီးယားတို့နှင့်ပတ်သက်သည့် မည်သည့်စီးပွားရေးလုပ်ငန်းကိုမျှ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ ပါဝင် လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိကြောင်းကို ဤတရားဝင် ထုတ်ပြန်ချက်ဖြင့် အတည်ပြုအပ်ပါသည်။

ကျွန်ုပ်တို့၏ တရားဝင် website ပါ corpsecretarial@igeygn.com သို့ တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့် မည်သည့်အချက်အလက် (သို့မဟုတ်) အထောက်အထားများနှင့်အတူ သိရှိလိုသည်များ၊ အတည်ပြုလိုသည်များကို ကျွန်ုပ်တို့ထံ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ထပ်မံရှင်းလင်းချက် ရှာလိုသူတိုင်းအတွက် မိမိတို့အနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာဖြေဆိုမှုများလည်း ပြုလုပ်ပေးမည်ဖြစ်ပါသည်။

Board of Directors

IGE

Most Read

Most Recent