မုံရွာမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ် ပစ်ခတ်မှုဖြစ်စဉ်တွင် PDF နှစ်ဦး သေဆုံးပြီး လမ်းသွားလမ်းလာသုံးဦး ဒဏ်ရာရရှိ

မုံရွာမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ် ပစ်ခတ်မှုဖြစ်စဉ်တွင် PDF နှစ်ဦး သေဆုံးပြီး လမ်းသွားလမ်းလာသုံးဦး ဒဏ်ရာရရှိ
Published 6 December 2022

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ် ပစ်ခတ်မှုဖြစ်စဉ်တွင် PDF နှစ်ဦး သေဆုံးပြီး လမ်းသွာလမ်းလာသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား PDF များက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်မှုဇုန်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် PDF များက လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းတို့မှာ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် PDF အဖွဲ့မှ အလောင်းနှစ်လောင်းအား သိမ်းဆည်းရမိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာသုံးဦးတွင် လက်နက်ငယ်ထိ မှန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent