၂၀၂၂ ခုနှစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အိမ်ခြေ ၉၆၁ လုံး မီးလောင်ပျက်စီးဟု ထုတ်ပြန်

၂၀၂၂ ခုနှစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အိမ်ခြေ ၉၆၁ လုံး မီးလောင်ပျက်စီးဟု ထုတ်ပြန်
ဒီဇင်ဘာလ ၅ ရက် က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား  တွေ့ရစဉ်
ဒီဇင်ဘာလ ၅ ရက် က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား တွေ့ရစဉ်
Published 6 December 2022

၂၀၂၂ ခုနှစ် လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အိမ်ခြေ ၉၆၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျောက်အိုက်ကျေးရွာနှင့် ရွှေချောင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF များက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KIA အဖွဲ့နှင့် PDF များမှာ ကျောက်အိုက်ကျေးရွာ၏ အရှေ့မြောက်ဘက်နှင့် ရွှေချောင်းကျေးရွာ၏ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထိတွေ့မှုဖြစ်စဉ်အတွင်း ကျောက်အိုက်ကျေးရွာရှိ လူနေအိမ် ၆၈ လုံးအနက် ၆၀ နှင့် ရွှေချောင်းကျေးရွာရှိ လူနေအိမ် ၂၇၃ လုံးအနက် ၈၀ တို့ မီးလောင်ပျက်စီးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဇီးဖြူကျင်းကျေးရွာအနီးသို့ အရောက်၌ KIA အဖွဲ့နှင့် PDF များက ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ KIA အဖွဲ့နှင့် PDF များမှာ ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းထိတွေ့မှုဖြစ်စဉ်အတွင်း အိမ်ခြေ ၁၅၅ လုံးအနက် ၃၀ မီးလောင်ပျက်စီးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၌ အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသကြီး၌ အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်၌ အိမ်ခြေ ၂၂၀ နှှင့် ကချင်ပြည်နယ်၌ အိမ်ခြေ ၃၀ ရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent