နိုဝင်ဘာတွင် KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ရေ ၂၉၀ ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်

နိုဝင်ဘာတွင် KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ရေ ၂၉၀ ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်
Published 6 December 2022

နိုဝင်ဘာလတွင် KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ရေ ၂၉၀ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်အတွင်း လက်နက်ကြီးကျည် ကျရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလတွင် သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ထို့အတူ တောင်ငူခရိုင် တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်းတွင်လည်း နိုဝင်ဘာလတွင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးတိုက် ပွဲငယ်ပေါင်း ၃၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား တစ်ဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာလတွင် ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း၌လည်း နိုဝင်ဘာလတွင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နိုဝင်ဘာလတွင် ဒူးပလာယာခရိုင် တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားသုံးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent