ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်း Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချဖောက်ခွဲခံရ

ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်း Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချဖောက်ခွဲခံရ
Published 6 December 2022

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းကို Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချဖောက်ခွဲခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းသို့ အမည်မသိအဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb တစ်လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သတ္တမဝေပုလဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဓမ္မာရုံ၏ အမိုးသွပ်တစ်ချပ်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent