ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်း တစ်လျှောက် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်

ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်း တစ်လျှောက် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်
Published 29 November 2022

KNU၊ KNLA အဖွဲ့နှင့် PDF များ ထိန်းချုပ်ထားသည့် ‌‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများက နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

KNU၊ KNLA အဖွဲ့နှင့် PDF များအနေဖြင့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်ကို ၂၀၂၂ ခုနှစ် မေလမှစ၍ စတင်ထိန်းချုပ်ထားခဲ့ကြောင်း၊ ယင်းဒေသအား တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့်ပြန်လည်ထိန်ချုပ်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစက က ထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းများက ယင်းဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များကို ကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်သည်။

Most Read

Most Recent