ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် ငွေကျပ်၂ ဘီလျံကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် ငွေကျပ်၂ ဘီလျံကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Photo Credit – CCDAC
Photo Credit – CCDAC
Published 28 November 2022
သတင်း - ဘိုဘိုမြင့်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ဘုရားကြီး - ဝေါသွားကားလမ်း ညောင်ခါးရှည်ကျေးရွာအနီးတွင် နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ငွေကျပ်၂ ဘီလျံကျော်တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်နေ့ ည ၈ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားကြီး-ဝေါသွားကားလမ်း၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဘုရားကြီးဘက်မှ မော်လမြိုင်ဘက်သို့ စောအယ်တူလို  မောင်းနှင်ပြီး စောအယ်ဒိုထူး လိုက်ပါလာသည့် TOYOTA TOYOACE  ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄ သိန်း၊ အိုက်စ် ၂ ကီလိုနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စောအယ်တူလိုနှင့် စောအယ်ဒိုထူး အား စစ်ဆေးမေးမြန်းရာ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး  စောအယ်တူလို နှင့် စောအယ်ဒိုထူး တို့အားဥပဒေအရအရေးယူထားကြောင်းနှင့် ကွင်းဆက်ပြစ်မှု  ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။