ကမာရွတ်မြို့နယ်ရှိ TT Diamond လက်ဝတ်ရတနာဆိုင်အား ဒုတိယအကြိမ် လုယက်ကြံစည်ရန် ကြိုးစားရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးနှစ်ဦး ဒဏ်ရာရရှိ

ကမာရွတ်မြို့နယ်ရှိ TT Diamond လက်ဝတ်ရတနာဆိုင်အား ဒုတိယအကြိမ် လုယက်ကြံစည်ရန် ကြိုးစားရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးနှစ်ဦး ဒဏ်ရာရရှိ
ဒုတိယအကြိမ် လုယက်ခံရသည့် TT Diamond ရတနာရွှေဆိုင်ကို အခင်းဖြစ်ပွားပြီး တွေ့ရစဉ်
ဒုတိယအကြိမ် လုယက်ခံရသည့် TT Diamond ရတနာရွှေဆိုင်ကို အခင်းဖြစ်ပွားပြီး တွေ့ရစဉ်
Published 25 November 2022

ကမာရွတ်မြို့နယ်ရှိ TT Diamond လက်ဝတ်ရတနာဆိုင်အား ဒုတိယအကြိမ် လုယက်ကြံစည်ရန် ကြိုးစားရာမှ သေနတ်ပစ် ခတ်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော် ခန့်တွင် ကမာရွတ်မြို့နယ် ၁ ရပ်ကွက်  ဗဟို လမ်းရှိ TT Diamond လက်ဝတ်ရတနာဆိုင်သို့ ယာဉ်တစ်စီးဖြင့် လူသုံးဦးရောက်ရှိလာခဲ့ ကြောင်း၊ ယင်းနောက် လူသုံးဦးမှာ ဆိုင်အ တွင်းသို့ ဝင်ရောက်စဉ် လုံခြုံရေးဝန်ထမ်းများမှ တားမြစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တားမြစ်စဉ် လုံခြုံရေးဝန်ထမ်း နှစ်ဦးအား လူသုံးဦးအနက် နှစ်ဦးမှ သေနတ် ဖြင့်ပစ်ပြီး ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

“ ကားနဲ့လာတယ်လို့ သိရတယ်။လုံခြုံ ရေးက ဆိုင်မှာ နှစ်ယောက်ပါ။တစ်ယောက်ကို ဓားနဲ့ထိုးသွားတယ်။နောက်တစ်ယောက်ကို သေနတ်နဲ့ပစ်သွားတယ်လို့ သိရတယ်။သေ နတ်သံတော့  ကြားလိုက်ရတယ်”ဟု အဆိုပါ နေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့်ပစ်ပြီးနောက်တွင် အဆိုပါ လူသုံးဦးမှာ ၎င်းင်းတို့စီးလာသည့် မော်တော် ယာဉ်ဖြင့် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

TT Diamondလက်ဝတ်ရတနာဆိုင်မှာ လူစည်ကားရာ ဗဟိုလမ်းပေါ်တွင် တည်ရှိပြီး အခင်းဖြစ်ပွားသည့်အချိန်မှာ လူသွားလူလာ နှင့်ယာဉ်အသွားအလာများပြားသည့်အချိန် ဖြစ်ကြောင်း အနီးတွင် နေထိုင်သူများ၏ ပြော ကြားချက်အရ သိရသည်။

အဆိုပါ TT Diamond လက်ဝတ်ရတ နာဆိုင်အား သြဂုတ် ၂၅ ရက်တွင် ငွေကျပ် သိန်းတစ်ရာတန်ဖိုးရှိ ပလက်တီနမ်ဆွဲကြိုး ၂၀ ကုံး လုယက်ခံခဲ့ရပြီး ယခုအကြိမ်မှာ ဒုတိယအ ကြိမ်ဖြစ်ပြီး ရွှေငွေလက်ဝတ်လက်စားပစ္စည်း များ ပါသွားခြင်းမရှိကြောင်း သိရသည်။