အိမ်သုံးအမျိုးအစားတွင် လျှပ်စစ်ဓာတ်အားရောင်းချမှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၃၄၅၁ ဒသမ ၀၇ ရောင်းချခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်း ပေါင်း ၈၂၂၉ ဒသမ ၁၅ အထိ တိုးတက်ရောင်း ချထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာစာရင်းအင်းလက်စွဲတွင် ဖော်ပြထားသည်။
လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် ရောင်းချဖြန့်ဖြူးမှုတွင် အိမ်သုံးအမျိုးအစားအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၃၄၅၁ ဒသမ ၀၇ ရောင်းချဖြန့်ဖြူးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၈၂၂၉ ဒသမ ၁၅ အထိ တိုးတက်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အိမ်သုံးအမျိုးအစားအနေဖြင့် ဘဏ္ဍာနှစ်အလိုက် လျှပ်စစ်ဓာတ်အားရောင်းချမှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီ လိုဝပ်နာရီသန်းပေါင်း ၃၄၅၁ ဒသမ ၀၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၅၀၉ ဒသမ ၈၂၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၆၇၂၈ ဒသမ ၆၀၊၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၈၀၇၅ ဒသမ ၇၉၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၈၂၂၉ ဒသမ ၁၅ ဖြစ်သည်။
အိမ်သုံးမဟုတ်သည့်အမျိုးအစားအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၉၀၄ ဒသမ ၀၂ ရော င်းချဖြန့်ဖြူးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၃၃ ဒသမ ၄၂ သာရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။
ဘဏ္ဍာနှစ်အလိုက် အိမ်သုံးမဟုတ်သည့်အမျိုးအစားအနေဖြင့် လျှပ်စစ်ရောင်းချမှုကိုလေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၉၀၄ ဒသမ ၀၂၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၂၆၀၅ ဒသမ ၆၅၊၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၂၅၆၅ ဒသမ ၉၀၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ် နာရီသန်းပေါင်း ၁၁၇၆၃ ဒသမ ၇၆၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ သန်းပေါင်း ၁၀၈၃၃ ဒသမ ၄၂ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊မတ်လတွင် ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း၊ဧပြီလတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ဇူလိုင်လတွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊သြဂုတ်လတွင် ဒေါ်လာ ၂၈၄ဒသမ ၀ သန်း၊စက်တင်ဘာလတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊အောက်တိုဘာလတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၂၇၄ဒသမ ၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်ဝါရီတွင် ဒေါ်လာ ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၉၀ ဒသမ ၂ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း)ရရှိထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း)ရရှိခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း) ရရှိခဲ့သည်။