အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း PPST ထုတ်ပြန်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း PPST ထုတ်ပြန်
Published 15 November 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်မှုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင်ကျင်းပခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများအပေါ် သဘောထားများ ချမှတ်နိုင်ခဲ့ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံအား တရားဝင်လွှဲပြောင်းပေးပြီဖြစ်၍ အင်ဒိုနီးရှားသမ္မတ ဦးဆောင်မှုအပေါ် PPST က ကြိုဆိုဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာဖြေရှင်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်ကြောင့် PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံ၏ အတွင်းရေးမှူးချုပ် H.E.Lim Jock Hoi အစား အတွင်းရေးမှူးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးဝန်ကြီးဖြစ်သူ H.E.Kao Kim Hourn အား ခန့်အပ်မှုအပေါ် PPST က ကြိုဆိုဂုဏ် ပြုအပ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို AHA Center နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် PPST အနေဖြင့် အဆင်သင့်ရှိကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်မှုအပေါ်တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပူးပေါင်းပါဝင်ရန် အမေရိကန်သမ္မတ၏ တိုက်တွန်းချက်ကို PPST အနေဖြင့် ထောက်ခံကြိုဆိုကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်ကို PPST အနေဖြင့် ထောက်ခံကြိုဆိုကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent