မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flyman.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flyman.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်
Published 14 November 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ရန်ကုန်-ကော့သောင်း ခရီးစဉ် တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၅၀၀၀၊ ရန်ကုန်-လားရှိုး ခရီးစဉ်တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၀၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန်ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ် မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးစဉ်များ နေ့စဉ်ပျံသန်းနေပြီး ဘန်ကောက်-ရန်ကုန်အသွားအပြန်ခရီးစဉ်အား ၁၃၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် Boarding Pass ပြသ၍ ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန် စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

၁၅ ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်မည့် King Power ဆိုင်များမှာ King Power Suvarnabhumi၊ Don Mueang၊ Chiang Mai၊ Phuket၊ U-Tapa Airports King Power Rangnam၊ Srivaree၊ Pattaya and Phuket ဆိုင်များဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများ သို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ကပ္ပတိန် ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှား ခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာ ချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Playstore တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။      

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လာမည့်အောက်တိုဘာ မတိုင်ခင်ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူကပ္ပတိန် ခုပ်ခန့်မုံ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent