မိုးမောက်မြို့ အထကကျောင်းရှေ့လမ်းဆုံတွင် မိုင်းသုံးလုံးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွား

မိုးမောက်မြို့ အထကကျောင်းရှေ့လမ်းဆုံတွင် မိုင်းသုံးလုံးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွား
Published 13 November 2022

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းဆုံတွင် နိုဝင်ဘာ ၁၁ ရက်ကမိုင်းသုံးလုံးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းလုပ်ငန်းများဆောင်ရွက်စဉ် KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း၌ မိုးမောက်မြို့ရှိ အခြေခံပညာအထက် တန်းကျောင်းရှေ့လမ်းဆုံနေရာသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF များ ထောင်ထားသည့် ရီမုမိုင်းသုံးလုံးကိုတွေ့ရှိသဖြင့် အများပြည်သူများအန္တရာယ်မရှိစေရေး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် KIA အဖွဲ့နှင့် PDF များကအခြေခံပညာ အထက်တန်းကျောင်း၏ ပင်မစာသင်ဆောင်မှ လည်းကောင်း၊ လမ်း၏ညာဘက်ခြမ်း မီတာ ၃၀ ခန့်အကွာ လူနေအိမ်များမှအကာအကွယ်ယူ၍လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ကာ KIA၊ PDF ပူးပေါင်းအဖွဲ့သည် အရှေ့မြာက်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

ထို့နောက် မိုးမောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျောင်းဝင်းအတွင်းရှိ သစ်ပင်တွင်ကပ်၍ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမု မိုင်းတစ်လုံးကို ထပ်မံတွေ့သိမ်းဆည်းရမိခဲ့ ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သည့်အ တွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent