အိန္ဒိယတရားရုံးက ဝန်ကြီးချုပ်ဟောင်းရာဂျစ်ဂန္ဓီကိုလုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများကို ပြန်လွှတ်ပေး

အိန္ဒိယတရားရုံးက ဝန်ကြီးချုပ်ဟောင်းရာဂျစ်ဂန္ဓီကိုလုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများကို ပြန်လွှတ်ပေး
မေ ၁၉ ရက်က သီရိပါရမ်ဘူဒါမြို့ရှိ ရာဂျစ်ဂန္ဓီ၏ အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာသို့ လာရောက်ကြသူများကို တွေ့ရစဉ် Photo: AFP
မေ ၁၉ ရက်က သီရိပါရမ်ဘူဒါမြို့ရှိ ရာဂျစ်ဂန္ဓီ၏ အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာသို့ လာရောက်ကြသူများကို တွေ့ရစဉ် Photo: AFP
Published 12 November 2022

အိန္ဒိယ၏ထိပ်သီးတရားရုံးတစ်ရုံးသည် ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဓီကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ခြောက်ဦးကို ပြန်လွှတ်ပေးရန် နိုဝင်ဘာ ၁၁ ရက်က အမိန့်ချမှတ်ခဲ့သည်။

၁၉၉၁ ခုနှစ်က အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် ဂန္ဓီသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန်တွင် အမျိုးသမီး အသေခံဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် ၎င်း၏အသက်မှာ ၄၆ နှစ်ဖြစ်သည်။

ယင်းလုပ်ကြံမှုကို သီရိလင်္ကာ လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့ဖြစ်သည့် တမီးလ်ကျား အီလမ်လွတ်မြောက်ရေး (LTTE) အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများသည် အကျဉ်းထောင်အတွင်း စည်းကမ်းလိုက်နာပြီး ကောင်းမွန်စွာနေထိုင်ခဲ့မှုအပေါ် အခြေခံပြီး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့သည် အကျဉ်းထောင်အတွင်း ဆယ်စုနှစ်သုံးစုကျော် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူခြောက်ဦးအနက် သေဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ၎င်းတို့၏ သေဒဏ်ကို လျှော့ပေါ့ခံခဲ့ရသည့် အမျိုးသမီး တရားခံသုံးဦးပါဝင်ပြီး ရာဂျစ်ဂန္ဓီအားလုပ်ကြံ မှုနှင့်ပတ်သက်ပြီး အကျဉ်းထောင်ထဲတွင် နောက်ဆုံးကျန်ရှိနေသည့် တရားခံများဖြစ်သည်။ ၎င်းင်းတို့အနက် တရားခံနှစ်ဦးမှာယခင်ကတည်းက ခံဝန်ဖြင့်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

“ကျွန်မ အရမ်းပျော်ပါတယ်။ လူတစ်ဦးချင်းစီတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြစ်ဒဏ်ကာလမစေ့မီ ခံဝန်ဖြင့်လွတ် မြောက်ခဲ့သူနှစ်ဦးအနက်တစ်ဦးဖြစ်သည့် နာလီနီ သီရိဟာရန်က CNN News 18 ရုပ်သံကို ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၃၂ နှစ်အတွင်း ရုန်းကန်ခဲ့ရပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သီရိဟာရန်၏ ခင်ပွန်းဖြစ်သူသည် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်တရားခံတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးသည် ယခင်က သေဒဏ်ချ မှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ထောင်ဒဏ်အဖြစ် လျှော့ပေါ့ခံခဲ့ရကာ ယခုတွင် တရားရုံးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းက တရားရုံးသည် သေဒဏ်ချမှတ်ခံခဲ့ရသည့် နောက်ထပ်တရားခံတစ်ဦးကို စည်းကမ်းလိုက်နာပြီး ကောင်း မွန်စွာနေထိုင်မှုများကြောင့် သေဒဏ်မှ လွှတ်ပေးခဲ့သည်။

ဂန္ဓီသည် ၁၉၈၄ ခုနှစ်က သက်တော်စောင့်များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ၎င်းင်း၏မိခင်လည်းဖြစ်သည့် အင်ဒီရာဂန္ဓီပြီးလျှင် အိန္ဒိယ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၎င်းတို့မိသားစု၏ ကွန်ဂရက်ပါတီသည် အိန္ဒိယနိုင်ငံရေးလောကတွင် ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးခဲ့ပြီး ရာဂျစ်၏ကျန်ရစ်သူ ဇနီးသည် ဆိုနီယာဂန္ဓီသည် ပါတီအတွင်း သြဇာအကြီးဆုံးခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိနေပြီး ၎င်း၏သားဖြစ်သူ ရာဟူးလ် ဂန္ဓီသည် လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ အဓိက နိုင်ငံရေးပြိုင်ဘက်ဖြစ်သည်။

ရာဂျစ်ဂန္ဓီ၏ လုပ်ကြံသတ်ဖြတ်ခံရမှုသည် ၁၉၈၇ ခုနှစ်က တမီလ်သူပုန်များကို လက်နက်ဖျက်သိမ်းရန် သီရိလင်္ကာသို့ အိန္ဒိယ တပ်ဖွဲ့များစေလွှတ်ခဲ့သည့် ၎င်း၏လုပ်ဆောင်ချက်ကို လက်တုံ့ပြန်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။နောက်ပိုင်းတွင် တမီလ်သူပုန်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ၎င်း၏ စစ်သား ၁၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ၎င်း၏ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

Ref: AFP

 

 

Most Read

Most Recent