တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ခန့်အပ်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ခန့်အပ်
Published 12 November 2022

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးအဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၁၁ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက် အရသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးဦးတင်မောင်ဆွေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ်သြဂုတ် ၇ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာတွင် သံအမတ်ကြီးဦးတင်မောင်ဆွေအား အစားထိုးခန့်အပ်ခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် သြဂုတ် ၆ ရက်က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယင်းခရီးစဉ်အတွင်း သြဂုတ် ၇ ရက်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် ၎င်း၏ရာထူးတွင် ဆက်လက်ရှိနေခဲ့သူဖြစ်သည်။

Most Read

Most Recent