၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၂၂၄ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး တတိယသုုံးလပတ်ထက် ၁၈၃ ရာခိုင်နှုန်းမြင့်တက်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၂၂၄ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး တတိယသုုံးလပတ်ထက် ၁၈၃ ရာခိုင်နှုန်းမြင့်တက်
Published 5 November 2022

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၂၂၄၁ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး တတိယသုုံးလပတ်ထက် ၁၈၃ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း စတော့ရှယ်ယာ အရောင်းအဝယ် ဖြစ်မြောက်မှုနှင့် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင်ဘာအထိ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မြောက်မှု အခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခုနစ်ခုမှ  စတုတ္ထသုံးလပတ်အတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ၅၃၀၄၂၉ ဖြစ်ပြီး တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ကာ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယသုံးလပတ်ကာလထက် ၂၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး စုစုပေါင်းအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်းရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်း ကျပ် ၂၂၄၁ ဒသမ ၃၂ သန်းရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယသုံးလပတ် ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ် မြောက်သည့်ရှယ်ယာစောင်ရေအနေဖြင့် တတိယသုံးလပတ်အတွင်း ၂၅၁၁ ရှိခဲ့ပြီး စတုတ္ထ သုံးလပတ်အတွင်း ၈၂၈၅ ရှိခဲ့သဖြင့် စတုတ္ထသုံးလပတ်ကာလအနေဖြင့် တတိယသုံးလပတ်ကာလထက် ၂၃၀ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ် မြောက်သည့် စတော့ရှယ်ယာတန်ဖိုးအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ်သန်းပေါင်း ၁၃ ဒသမ ၄၀ သန်းရှိခဲ့ပြီး စတုတ္ထသုံးလပတ်အတွင်း ကျပ်သန်း ၃၅ ဒသမ ၀၂ ရှိခဲ့သည်။ သို့ဖြစ်ရာ စတုတ္ထသုံးလပတ်မှာ တတိ ယသုံးလပတ်ကာလထက် ၁၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီက စျေး နှုန်းမှာ ၇၂၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀၃၀ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၄၁၆ ခုရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာ ၆၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ် ဖြစ်သည့် ရှယ်ယာ ၃၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၇၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၅၀ ခု၊  ကုမ္ပဏီကစျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၅၀ ခုရှိနေသည်။ TMH ကုမ္ပဏီကစျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၅၀ ခု၊ EFR ကုမ္ပဏီက စျေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး အရောင်းအ ဝယ်ဖြစ်သည့် ရှယ်ယာ ၃၀၀ ခုရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း  ၉၃၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ပထမသုံးလပတ်ထက် လေးရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

Most Read

Most Recent