မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်အထိ တိုးမြှင့်နေထိုင်ခွင့် မြန်မာနိုင်ငံသားအချို့ စတင်ရရှိဟုဆို

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်အထိ တိုးမြှင့်နေထိုင်ခွင့် မြန်မာနိုင်ငံသားအချို့ စတင်ရရှိဟုဆို
Published 4 November 2022

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့် နေထိုင်ခွင့်အား မြန်မာနိုင်ငံသားအချို့ စတင်ရရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်  ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန၏ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကိုသာရရှိနေ ခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗီဇာကင်းလွတ်ခွင့်နဲ့လာတဲ့ မြန်မာတွေအနေနဲ့ ဗီဇာသက်တမ်း ၄၅ ရက်ရမယ် ဆိုပေမယ့် တစ်ကယ်လာတဲ့အခါကျ ၄၅ ရက် မရပါဘူး။ ၁၄ ရက်ပဲပေးတာတော်တော်များတယ်။ အောက်တိုဘာလလယ်လောက်ကမှ စပြီးတော့ ဗီဇာ ၄၅ ရက်ရတဲ့ မြန်မာတွေ ရှိလာတာကိုတွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံရှိခရီး သွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Vasi Free အတွက် ထိုင်းနိုင်ငံ တွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက်  Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ Vasi Free အတွက် ၄၅ ရက်အထိ တိုးမြှင့်ဝင်ရောက် နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူမည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့ နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ သတ် မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ် သည်။ အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကနေဒါနိုင်ငံ Ottawa မြို့ရှိတော်ဝင်ထိုင်းသံရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ တော်ဝင်ထိုင်းသံရုံးတွင်မူ အဆိုပါထုတ်ပြန်ချက်ထုတ်ပြန် ထားခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့် နေထိုင်ခွင့်ရရှိမည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီအချို့မှလည်း သတင်းထုတ်ပြန်ထား မှုရှိပြီး ရန်ကုန်မြို့ရှိ တော်ဝင်ထိုင်းသံရုံးကမှ တရားဝင်အသိပေးချက် ပေးပို့ခြင်းမရှိသေးဟု ဆိုသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နေ့စဉ်ခရီးစဉ်များ ပျံသန်းနေပြီး ခရီးသည်များအနေဖြင့် ဘန်ကောက်-ရန်ကုန် ခရီးစဉ်တစ်ကြောင်းစာကို အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များကို နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ မိမိစိတ်ကြိုက် ပြင်ဆင်ထား သည့် ခရီးစဉ်အတိုင်း စင်းလုံးငှားခရီးစဉ်များ ငှားရမ်းပျံသန်းနိုင်မည်ဖြစ်သည်။        

ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ်အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in  ပြုလုပ်ခြင်းနှင့် Eboarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent