၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ ဆယ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၁၅ စင်း ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲဲ့့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင် သင်္ဘောစီးရေ ၅၀, စက်တင်ဘာတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန် သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင် ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ် မှ စတင်ကာ Maersk Line Myanmer(Sealand Mearsk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲခဲ့သည်။
ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း KMTT ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီ ဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ် မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishara နှင့် တာဝန်ရှိသူများနှင့် ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ် ကမ်းတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်KMTT@Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီ စတင်လည်ပတ်ဆောင်ရွက် နိုင်တော့မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း လက်ခံကြိုဆိုကြောင်း၊ လိုအပ်သည်များကို အချိန်မရွေးဆက်သွယ်စုံစမ်းလာပါက ကြိုဆိုလျက်ရှိကြောင်း အိန္ဒိယ ကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ် ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။