၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၂၃၁၄ ဘီလျံကျော်ရရှိရန် ရည်မှန်းထားပြီး နှစ်လအတွင်း ဝင်ငွေခွန် ကျပ် ၄၆၆ ဒသမ ၆ ဘီလျံကျော် ကောက်ခံရရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၂၃၁၄ ဘီလျံကျော်ရရှိရန် ရည်မှန်းထားပြီး နှစ်လအတွင်း ဝင်ငွေခွန် ကျပ် ၄၆၆ ဒသမ ၆ ဘီလျံကျော် ကောက်ခံရရှိ
နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းကို တွေ့ရစဉ်(ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းကို တွေ့ရစဉ်(ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
Published 29 October 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၂၃၁၄ ဘီလျံကျော်ရရှိရန် ရည်မှန်းထားပြီး ဧပြီနှင့်မေနှစ်လအတွင်း ဝင်ငွေခွန်ကျပ် ၄၆၆ ဒသမ ၆ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း  ပြည်တွင်းအခွန်များဦးစီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီးစီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလတွင် ဝင်ငွေခွန် ကျပ် ၂၃၃၄၇၂ သန်း၊ မေလတွင် ဝင်ငွေခွန်ကျပ် ၂၃၃၁၆၀ သန်းဖြင့် နှစ်လအ တွင်းကျပ် ၄၆၆၆၃၂ သန်း(၄၆၆ ဒသမ ၆၃၂ ဘီလျံ)ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း အထူးကုန်စည်ခွန် ကျပ် ၅၇၃၈၅၈ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၉၃၆၂၉၂ သန်း၊ ဝင်ငွေခွန်ကျပ်သန်း ၁၃၄၉၆၂၄၊ တံဆိပ်ခေါင်းခွန် ၅၃၁၃၀ သန်း၊ အောင်ဘာလေသိန်းဆုခွန်ကျပ်သန်း ၁၁၃၄၇ စသည်ဖြင့် အခွန်အရပ်ရပ်စုစုပေါင်းကျပ်သန်း ၂၉၃၁၂၆၉ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန(IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန် ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆  ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန်ရငွေစာရင်း များအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အောက် တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂   ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရ ငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ ကျပ်သန်း ၂၂၅၆၇၇၀ ဒသမ ၂၀ ကောက်ခံရရှိခဲ့သည်။    

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စု၏စုစုပေါင်းအခွန်အကောက်ရငွေကျပ် ၇၁၇၉ ဒသမ ၀၉၄ဘီလျံရရှိရန် ခန့် မှန်းထားကြောင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာအချက်အလက်များ(Citizen’s Budget)တွင် ဖော်ပြထားသည်။

Most Read

Most Recent