၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ပဲမျိုးစုံ ၈၄၉၂၂၇ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၆၆၇ ဒသမ ၃၆၇ သန်းရရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ပဲမျိုးစုံ ၈၄၉၂၂၇ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၆၆၇ ဒသမ ၃၆၇ သန်းရရှိ
မန္တလေးမြို့ရှိ ပဲကုန်စည်ဒိုင်အတွင်း ဝယ်ရောင်းပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
မန္တလေးမြို့ရှိ ပဲကုန်စည်ဒိုင်အတွင်း ဝယ်ရောင်းပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
Published 29 October 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လခွဲအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ပဲမျိုးစုံ ၈၄၉၂၂၇ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ  ၆၆၇  ဒသမ ၃၆၇ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ ၇၀၃၈၆၈ ဒသမ ၁၉၆ တန်တင်ပို့မှု မှ ဒေါ်လာ ၅၆၈ ဒသမ ၅၄၃သန်း၊ နယ်စပ်မှ ၁၄၅၃၅၉ ဒသမ ၁၂၂ တန် တင်ပို့မှုမှဒေါ်လာ ၉၈ ဒသမ ၈၂၄ သန်းဖြင့် စုစုပေါင်းတန်ချိန် ၈၄၉၂၂၇ ဒသမ ၃၁၈ တန် တင်ပို့မှုမှဒေါ်လာ ၆၆၇ ဒသမ ၃၆၇ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့်ပြည်ပသို့ပဲမျိုး စုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဒေါ်လာသန်း ၁၉၀ နီးပါး ပိုမိုရရှိခဲ့သည်။

တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ် မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများ တင်ပို့မှုမှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းရရှိခဲ့သည်။

တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အ ဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံစိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။

အိန္ဒိယအစိုးရသည် မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်အား ၂၀၂၃ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်လိုက်သ ဖြင့် မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံတို့ အိန္ဒိယ နိုင်ငံသို့ လွတ်လပ်စွာ တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အိ န္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ်မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုမှ တစ်ဆင့် ဘဏ္ဍာနှစ်ငါးနှစ် (၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှ မတ်လအတွင်း) တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခု G to G သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုး ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent