အိမ်ခန်းပေါင်း တစ်သောင်းပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အိမ်ခန်းပေါင်း ၅၀၀၀ ကျော် ပြီးစီးအောင်တည်ဆောက်မည်

အိမ်ခန်းပေါင်း တစ်သောင်းပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အိမ်ခန်းပေါင်း ၅၀၀၀ ကျော် ပြီးစီးအောင်တည်ဆောက်မည်
Published 29 October 2022

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ခန်းပေါင်း တစ်သောင်းပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၀ ကျော်အား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တလေးမြို့တွင်အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားကြောင်း နိုင်ငံပိုင်သ တင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲသည့် ကြားမှမြို့ပြနှင့် အိမ်ရာကဏ္ဍကို ဟန်ချက်ညီညီစဉ် ဆက်မပြတ်ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရန်အတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများဖြည့်ဆည်းနိုင်ရန်ဆိုသည့် ရည်မှန်းချက်ကို မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ယာစီမံကိန်းများ အဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ်နှင့် သီလဝါဥယာဉ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောင်လုပ်ရောင်းချပေးနေခြင်းဖြစ်သည်။

ယင်းပြင် ပြည်သူများ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် လူနေထိုင်မှုဘဝရရှိနိုင်ရေးနှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းများကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် Mingaladon Industrial Park ၊ Korean-Myanmar Industrial Complex ၊ Yangon Amata Smart and Eco City ၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်ရာလိုအပ်လျက်အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှား အိမ်ရာအခန်းပေါင်း ၈၁၂ ခန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အိမ်ရာအခန်းပေါင်း ၁၂၀ တည်ဆောက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ် ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။

Most Read

Most Recent