၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈၉၇ ခုမှ ကျပ် ၂၃၁၅၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ အများဆုံးဖြစ်

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈၉၇ ခုမှ ကျပ် ၂၃၁၅၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ အများဆုံးဖြစ်
Published 17 October 2022

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈၉၇ ခုမှ ကျပ် ၂၃၁၅၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၁ ဘီလျံ ကျော် (၁၈၈၁၄၅၉ ဒသမ ၅၀ သန်း)၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ ရင်းနှီးမြှုပ် နှံမှုကျပ် ၁၁၇၁ ဘီလျံကျော် (၁၁၇၁၈၀၃ ဒသမ ၈၁ သန်းကျော်) ခွင့်ပြုခဲ့ကြောင်း သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကုန် ထုတ်လုပ်မှုကဏ္ဍသည် စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၈၀ ဒသမ ၀၁ ရာခိုင် နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍမှ ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၈၂၆၉ ဒ သမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင် ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ တွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်း ကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန် အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံ မှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ကျပ် ၅၀၄၅၉၃၄ ဒသမ ၂၅၂ သန်း၊ အိမ်ခြံမြေ ဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ကျပ် ၄၈၈၈၀၇၄ ဒ သမ ၈၅၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ကျပ် ၃၇၃၄၁၄၇ ဒသမ ၅၅၄ သန်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင် ၂၈၀၂၇၇၄ ဒ သမ ၀၀၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းကဏ္ဍတွင် ကျပ်၂၃၈၁၉၀၆ ဒသမ ၅၉၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၂၅၉၁၇၆ ဒသမ ၂၈၂သန်း၊ စွမ်းအင်ကဏ္ဍ တွင် ကျပ် ၉၈၂၅၃၃ ဒသမ ၇၃၀ သန်း၊ စက် မှုဇုန်ကဏ္ဍတွင် ကျပ် ၈၉၉၈၂၈ ဒသမ ၉၀၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၄၃၀၆၅၉ ဒသမ ၉၁၉ သန်း၊ သတ္တုကဏ္ဍ တွင် ကျပ် ၂၄၇၀၉၄ ဒသမ ၇၃၆ သန်း၊ လယ် ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၉၈၅၅၀ ဒသမ ၉၉၀ သန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကျပ် ၁၃၇၂၃ ဒသမ ၉၅၉ သန်း ဖြင့် စုစုပေါင်း ကျပ် ၂၂၇၈၄၄၀၅ ဒသမ ၇၇၈ သန်း ခွင့်ပြုထားကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံက မြန်မာနိုင်ငံအတွင်း လာ ရောင်ရင်းနှီီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၃ ဒသမ ၂၉၄ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃၀၀ ကျော်ရှိကြောင်း (DICA) မှ ထုတ်ပြန်ထား သည့် စာရင်းများအရ သိရသည်။

Most Read

Most Recent