လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) တို့၏ အခြေခံအပြုအမူများ

လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) တို့၏ အခြေခံအပြုအမူများ
Published 16 October 2022
ရဲကျော်စွာ

"နည်းနိဿယ အမှားများ"

လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) နှင့် မဟာဗျူဟာအဆင့် အရေးသက်ဆိုင်သူများ (Strategic Stakeholders) အကြား ဆက်ဆံရေး၊ Deep State နှင့် တရားဝင် ရုံးဘက်ဆိုင်ရာ နိုင်ငံတော် (Official State) အကြား ဆက်ဆံရေးများအတွင်း “နည်းနိဿယ အမှားများ (ဝါ) ကျွမ်းကျင်မှုဆိုင်ရာအမှားများ “(Technical Errors) သည် ခေတ်အဆက်ဆက်၊ နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်မြဲထုံးစံရှိခဲ့သည်။

ကမ္ဘာ့နယ်မြေဒေသအနှံ့မှ-

(၁) အာဏာ စံအိမ်အစစ်များ (Real Power Houses)၊

(၂) လျှို့ဝှက်သော အုပ်စိုးမှုရပ်ဝန်းများ (Deep States) နှင့်

(၃) လျှို့ဝှက် အင်စတီကျူးရှင်းများ (Covert Institutions)

 သုံးမျိုးစလုံးနှင့် သူတို့၏ တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ လက်အောက်ခံများဖြစ်သော ပြည်တွင်း၊ ပြည်ပ၊ ဒေသတွင်း၊ ဒေသလွန်၊ ကမ္ဘာ့ဒေသကြီးများ အလိုက် အထူးပြုအလုပ်အဖွဲ့များနှင့် နယ်ပယ်ကဏ္ဍအလိုက် အထူးပြုအလုပ်အဖွဲ့များစွာသည် များစွာသော Issues အရေးကိစ္စရပ်များအတွင်း အနောက်တိုင်းမှ Deep Statesများ၏ -

(၁)  ရမ္မက် အစစ်များ (Real Passions)၊  

(၂) လိုချင်ဆန္ဒအစစ်များ (Real Desires) နှင့်

(၃) ရည်ရွယ် ဦးတည်ချင်ရာအစစ်များ (Real Intentions) ကို         ကမ္ဘာ့ပြည်သူများရှေ့တွင် အမှန်အတိုင်း ချပြနိုင်စွမ်းနှင့် ချပြဝံ့သောအနေအထား မရှိခဲ့ကြပါ။

 မိမိတို့၏ရမ္မက် (Passions) အစစ်များ၊ ဆန္ဒ (Desires) အစစ်များနှင့် ရည်ရွယ်ရင်း (Intentions) အစစ်များက မည်သည့်အရာများ ဖြစ်နေကြသည်ကို မိမိကိုယ်ကိုယ်ကိုယ်တောင် မသိကြသောအဆင့်အထိ ရောက်သွားသော သူများ၏ လက်အောက်ခံအဆင့်ဆင့်မှ အလုပ်ကခိုင်း၍ ထွက်ပေါ်၊ ထုတ်လုပ်လာခဲ့ကြ‌သော ဟန်ပြရည်မှန်းချက်များ (Official Visions) နှင့် ဟန်ပြလုပ်ငန်းစဉ်များ (Official Missions) များ၏ သရုပ်ပျက်မှုများက ကြိုတင်ခန့်မှန်းထားခဲ့သည်များထက် အလွန် ပိုမိုဆိုးရွားလာခဲ့ကြသည်။ 

"နယ်မြေခံ အကြောင်းအရာများ"

       နမူနာဖြစ်စဉ်များအတွင်း ဒေသအလိုက်အရေးများအတွက် ရှေ့ထုတ်အသုံးပြုဝံ့ခဲ့ကြ‌သော၊ အနောက်တိုင်း၏ “ကွင်းဆင်း ကျောင်းတော်ပညာရှင်များ (Field Scholars)“ ဆိုသည်မှာလည်း -

(၁) ရုပ်ဝါဒီများ (Materialists)၊

(၂) ဘုရားမဲ့ဝါဒီများ (Atheists)၊

(၃) လစ်ဘရယ်များ (Liberals) နှင့်

(၄) နီယို လစ်ဘရယ်များ (Neo-Liberals) များသာ ဖြစ်နေခဲ့ကြသည်။ 

 ထို Field Scholars များကိုလည်း အဆင့်မြင့်သတင်းအချက်အလက်အမှန်များကို Deep States များက အမှန်အတိုင်း ချပြအသိပေးခြင်းနှင့် ရယူအသုံးပြုခွင့် ပေးခြင်းများ ခွင့်ပြုပေးမထားခဲ့ပါ။

"အရေးကြီးသော အားနည်းချက်များ" 

  ထိုကဲ့သို့ အသုံးပြုထားသော ”ကွင်းဆင်း ကျောင်းတော်ပညာရှင်များ (Field  Scholars)“ နှင့် “ရှေ့တန်းပညာရှင်များ “ (Frontier Academicians) အတွင်းမှ အများစုသည်  မြန်မာပြည်အပါအဝင် အဓိကသော့ချက်ဒေသများမှ -

(၁)  ကစားပွဲ အဟောင်းများ (Old Games)၊ 

(၂) အမဲလိုက်ခန်း အဟောင်းများ (Old Huntings) နှင့်

(၃) စမ်းသပ်စစ်ဆေးပွဲ အဟောင်းများ (Old Testings) ၏ အရိုးရှင်းဆုံး ရိုးရာအစဉ်အလာ ထုံးဓလေ့ဥပဒေသအဟောင်းများကိုပင် တကယ် မတတ်ကျွမ်းသူများ 

ဖြစ်နေခဲ့ကြသည်။

     အရေးကြီးသော ခေါင်းဆောင်တစ်ဦးချင်းစီတိုင်း၏ -

(၁) ကိုယ်ကျင့်တရား (Morality)၊

(၂) စိတ်ထား (Mind) နှင့်

(၃) လိပ်ပြာဝိညာဉ် (Soul) သုံးရပ်စလုံး၏ အခြေခံစွမ်းရည်များက သက်ဆိုင်ရာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားနှင့် 

အမျိုးသားလုံခြုံရေးအတွက် ပိုမိုအရေးကြီးလာခဲ့သည်။

 ဖြစ်ပွားနေသော “တရားဝင် ပဋိပက္ခများ“ (Official Conflicts) နှင့်  “ ပဋိပက္ခ အစစ်များ “ (Real Contradictions) အကြား ကွာခြားချက်များကို အခြေခံကျသော သရုပ်ခွဲစစ်ဆေးမှုများ ပြုလုပ်လာကြသည်။

"အညွှန်းဘောင်များ (Frames of References)"

ကမ္ဘာလုံးဆိုင်ရာ ယှက်နွှယ်မှုဖြစ်စဉ် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံများမှ ထက်မြက်သော နိုင်ငံရေး၊ စစ်ရေး အင်အားစုများသည် ဘက်ရွေးချယ်မှုများကို ဆုံးဖြတ်ရာတွင်-

(၁) နယ်မြေ ဒေသန္တရ အဆင့် အညွန်းဘောင် (Local Level Frame of Reference)၊

(၂) နိုင်ငံအဆင့် အညွှန်းဘောင် (National Level Frame of Reference) နှင့်

(၃) ဒေသဆိုင်ရာအဆင့် အညွှန်းဘောင် (Regional Level Frame of Reference) များဖြင့် ဆုံးဖြတ်ခြင်းများကို မပြုလုပ်ကြတော့ပဲ ကမ္ဘာလုံးဆိုင်ရာ အညွှန်းဘောင် (Global Level Frame of Reference) မှသာ ဘက်ရွေးချယ်မှုများကို ဆုံးဖြတ်လာခဲ့ကြသည်။

"လူမှု စီမံခုတ်မောင်းမှု (Social Engineering)"

လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်းများ (Deep States) က ပြည်တွင်း၊ ပြည်ပသမိုင်းရေးအဆင့်နှင့် မဟာဗျူဟာအဆင့် လူမှုစီမံခုတ်မောင်းမှုများကို ကြိုးကိုင်ထားလေ့ ရှိသည်။

    အရေးကြီးသော လူမှုစီမံခုတ်မောင်းမှုဖြစ်စဉ်များတွင် တော်လှန်ရေးများ (Revolutions)၊ တန်ပြန်တော်လှန်ရေးများ (Counter Revolutions)၊ ပြုပြင်ပြောင်းလဲရေးများ (Reformations) နှင့် တန်ပြန်ပြုပြင်ပြောင်းလဲရေးများ (Counter Reformations) လေးမျိုးအနက် သူတို့အတွက် အဆင်ပြေသော၊ အသုံးဝင်သော နည်းလမ်းတစ်ခုခုကို သက်ဆိုင်ရာ Deep State က ရွေးချယ်အသုံးပြုတတ်သည်။

"တော်လှန်ရေးနှစ်မျိုး"

         တော်လှန်ရေး ဆိုသည်မှာ အခြေခံအားဖြင့် နှစ်မျိုးရှိသည်။

(၁) အသွင်သဏ္ဍာန်အရ တော်လှန်ရေး (Revolution in Phenomena) နှင့်(၂) အနှစ်သာရအရ တော်လှန်ရေး (Revolution in Essence) နှစ်မျိုးဖြစ်သည်။

"အသွင်သဏ္ဍာန်အရ တော်လှန်ရေး (Revolution in Phenomena)"

         “ အသွင်သဏ္ဍန်အရ တော်လှန်ရေး “ ဆိုသည်မှာ အသွင်သဏ္ဍာန် (Phenomena) အရ၊ ပုံရိပ်များ (Images) အရ၊ တော်လှန်ရေးတစ်ခု၏ ပုံသဏ္ဍာန်ကို သယ်ဆောင်ထားသော်လည်း အတွင်းအနှစ်သာရ (Essence) အရ -

(၁) အာဏာကစားပွဲများ (Power Games)၊

(၂) ပြုပြင်ပြောင်းလဲရေးများ (Reformations)၊

(၃) တန်ပြန်ပြုပြင်ပြောင်းလဲရေး (Counter Reformations)၊

(၄) တန်ပြန် တော်လှန်ရေးများ (Counter Revolutions)၊

(၅) တစ်ဆင့်ခံရုပ်သေး နယ်ရုပ်စစ်ပွဲများ (Proxy Wars)၊

(၆) ကန့်သတ် လက်နက်စမ်းသပ်စစ်ပွဲများ (Weapon Testing Wars) အစရှိသဖြင့် “အနှစ်သာရ“ (Essence) အရ မတူညီသော အရာ အမျိုးမျိုး အနက် အမျိုးအစား တစ်ခုခု ဖြစ်နေနိုင်သည်။ 

  ထိုအရာများကိုပင် “တော်လှန်ရေးတစ်ခု“ သဖွယ် အသုံးအနှုန်းများ၊ အဆောင်အယောင်များ၊ အဆင်တန်ဆာများ၊ ပုံရိပ်များ၊ အထိမ်းအမှတ်များ၊ သင်္ကေတများနှင့် သတင်းစကားများကို ထုတ်လွှတ်ပေးပို့သယ်ဆောင်လာတတ်ကြသည်။

     တစ်ခါတစ်ရံတွင် Deep State တစ်ခုခုက မိမိတို့ မနှစ်သက်သော တော်လှန်ရေးအစစ်တစ်ခုခုကို ဘေးဖယ်အစားထိုးရန်၊ သူတို့၏ အခြားကိုယ်ပိုင်တော်လှန်ရေး အတုတစ်ခုခုဖြင့် ပစ်မှတ်နိုင်ငံ သို့မဟုတ် ပစ်မှတ်ဒေသအတွင်းသို့ ဝင်ရောက်လှိုင်းစီးစေရန် အလုပ်အဖွဲ့များကို တာဝန်ပေးတတ်ကြသည်။

"ပြိုင်ဘက်တို့၏ တုံ့ပြန်မှုများ"

 “တော်လှန်ရေးအတု “ တစ်ခုခုကို ပြိုင်ဘက် Deep State တစ်ခုခုမှ   “အကျိုးစီးပွားအုပ်စု “ (Interest Group)  တစ်ခုခုက မိမိတို့၏ ပြည်သူတွေဆီကို  အကြောင်းရင်းအမှန်တစ်ခုခုကြောင့် ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုဖြင့် ဖြစ်စေ၊ သယ်ဆောင်လာလျှင် ထိုအရာကိုပင် အခြားသော ပြိုင်ဘက်အင်အားစုအချို့က စိတ်လှုပ်ရှားမှုကင်းမဲ့စွာ၊ သွေးအေးစွာ၊ တည်ငြိမ်စွာဖြင့် -

(၁) တော်လှန်ရေး အတု (Pseudo-Revolution) ကို တော်လှန်ရေးအစစ် (Genuine-Revolution)  တစ်ခုအဖြစ် အနှစ်သာရ (Essence) အရ ပြောင်းလဲသွား

အောင် စနစ်တကျ “ပြန်လည်စီမံခုတ်မောင်းခြင်း“ (Reengineering) နည်းလမ်း သို့မဟုတ်

(၂) တန်ပြန်တော်လှန်ရေး အစစ်တစ်ခုခုဖြင့် ပြန်လည်တိုက်ဖျက်သော နည်းလမ်းနှစ်မျိုး အနက် နည်းလမ်းတစ်ခုခုဖြင့် ပြန်လည် ပြုလုပ်တုံ့ပြန်တတ်ကြသည်။ 

"လက်ဝဲဝါဒီများ၏ တုံ့ပြန်မှုများ"

 ထို ဖြစ်စဉ်များအတွင်း အာဏာကစားပွဲများ (Power Games) နှင့် မဟာဗျူဟာအခြေအနေများ (Strategic Situations) ကိုထိန်းချုပ်ရန် ကြိုးစားနေသော၊ အစဉ်အလာ အာဏာစံအိမ်များ (Traditional Power Houses)၊ အချောင်သမားများ (Opportunists)၊ တက်လမ်းရှာသူများ (Fortune Seekers) နှင့် လူမှုရန်သူများ (Social Enemies) အပါအဝင် “မသင့်လျော်သော အကျိုးစီးပွားအုပ်စုများ “ (Inappropriate Interest Groups) အမျိုးမျိုးအနေဖြင့် လက်တွေ့ဖြစ်စဉ် အတွင်း၊ လက်တွေ့အခြေအနေများအတွင်း၊ သမိုင်းရေးအရ၊ အကျိုးစီးပွားအရ နောက်ပြန်လှည့်၍ မရနိုင်တော့မည့် အတွေးအခေါ်အရ၊ လောကအမြင်အရ  နောက်ပြန်လှည့်၍ မရနိုင်တော့မည့်၊  ပန်းတိုင်များ (Goals) နှင့် စံတန်ဖိုးများ (Values) ကို သူတို့လိုချင်သလို ပုံသွင်းကိုင်တွယ်ကစားခွင့် မရှိနိုင်တော့မည့် တိကျသေချာသော  ပဋိပက္ခအစစ် (Real Contradictions) သို့မဟုတ် စစ်ပွဲ အစစ် (Real War) တစ်ရပ်အား လက်တွေ့အမှန်တကယ် ဖြစ်ပွားစေရန် ပြန်လည် ပြုလုပ်ပေးခြင်းကို တိုးတက်သောအင်အားစုများက ကမ္ဘာအနှံ့တွင် တုံ့ပြန်လေ့ရှိခဲ့ကြသည်။

ယင်းကဲ့သို့ တုံ့ပြန်မှုလုပ်ငန်းစဉ်လမ်းကြောင်းအတွင်း နိုင်ငံတကာမှ လက်ဝဲဝါဒီအစစ်များနှင့် အမျိုးသားရေးဝါဒီအစစ်များက အရင်းရှင်များ၊ ဈေးမြို့သား ဘူဇွာများနှင့် ပဒေသရာဇ်များအချင်းချင်း ပဋိပက္ခများအတွင်း မိမိတို့၏အလုပ်သမား၊ လယ်သမား၊ တိုးတက်သော ပညာတတ်များ၏ အသက်သွေးချွေး ဘဝများကို အကြောင်းမဲ့ အသုံးချခံ၊ အစတေးခံမဖြစ်ရစေရန် မဟာဗျူဟာမြောက် ခေါင်းဆောင်မှုများကို ဆောင်ရွက်တတ်ကြသည်။

“မင်းမဲ့ဝါဒီများ၏ တုံ့ပြန်မှုများ“ 

 ထိုကဲ့သို့ ဖြစ်စဉ်များတွင် ခေတ်အဆက်ဆက် ဝေစုခွဲလာခဲ့ကြ သော “နိုင်ငံတကာ အာဏာစံအိမ်များ “ (International Power Houses) များက “ တော်လှန်ရေး “ တစ်ခုသော် လည်းကောင်း၊ သို့မဟုတ် “ကြီးမားလှသော အပြောင်းအလဲ“ တစ်ခုသော်လည်းကောင်း၊  “ဖြစ်ပွားနေပြီ“ ဟု ကမ္ဘာ့ပြည်သူများ၏ ရှေ့မှောက်တွင် ဗြောင်အတိအလင်း ဝန်ခံအသိအမှတ်ပြုမိစေရန် မင်းမဲ့ဝါဒီအချို့က အခြေအနေများကို တမင်တွန်းပို့တတ်ကြသည်။ 

 မိမိနယ်မြေ ဒေသန္တရအတွင်းမှ “စီးပွားဖြစ် နိုင်ငံရေးသမားများ“ (Commercial Politicians) နှင့်  “မသင့်လျော်သော အကျိုးစီးပွား အုပ်စုများ“ (Inappropriate Interest Groups) အားလုံးက အဓိကအထင်အကြီးဆုံး “နိုင်ငံတကာ အင်အားကြီး အင်အားစု အချို့“ က ယခု ဖြစ်စဉ်အတွက် “ အစစအရာရာ ပုံအောကာ အခိုင်အမာ ရပ်တည် ပေးထားနေပြီ“ ၊  “ယခု ဖြစ်စဉ်ဘက်က ရပ်တည်ပေးနေကြပြီ“ ဟု ယုံကြည်ယူဆစွဲမြဲသွားစေသည်အထိ အချို့သောအခြေအနေများ၊ ကိန်းဂဏန်းများ၊ အချက်အလက်များ၊ အများပြည်သူထင်မြင်ယူဆချက်များနှင့် အညွှန်းစံများကို ရက်သတ္တပတ်ပေါင်းများစွာမှသည် လပေါင်းများစွာ ကြာမြင့်သော အချိန်အထိ၊ အချိန်တိုတစ်ခုအတွင်း မင်းမဲ့ဝါဒီအင်အားစုအချို့က ထိမိစွာပုံဖော်ဖန်တီးပေးထားတတ်ကြသည်။

        အခြေအနေ ကွင်းဆက်များသဏ္ဍာန်လုပ် သရုပ်တူစေရန် ဖျော်ဖြေရေး နယ်ပယ်များ ၊ အနုပညာ နယ်ပယ်များ ၊ အားကစား နယ်ပယ်များ မှ ကျင့်ဝတ်အရ လေးနက်သော ပြဿနာများ ယခင်က ဖြစ်ပွားငြိစွန်းထားခဲ့သည့် လူသိများသော လူပုဂ္ဂိုလ်များ ၊ လူကုံထံများ ( လူဂုဏ်တန်များ ) အဖြစ် အသိအမှတ်ပြု ခံရစေရန် အလွန်အကျွံ ကြိုးစားအားထုတ်နေသူများ နှင့် နောက်ကြောင်း မှတ်တမ်း စိတ်ချယုံကြည်ထိုက်ဖွယ် မရှိသော ထင်ရှားကျော်ကြားသူများ အနေ ဖြင့် ယင်းတို့၏ သက်ဆိုင်ရာ တိုက်ရိုက် အနီးကပ်   “ လူမှုအစုအဝန်း အဆင့် “ (Community Level)  မှသည် “ နယ်မြေဒေသန္တရ အဆင့် “ (Local Level)  နှင့်  “ အမျိုးသားနိုင်ငံ အဆင့် “ (National Level)  အသီးသီးတွင် ရပ်တည်ချက်များကို ဘက်ပြောင်းခြင်းများ (Convertions) ၊ ဖြစ်စဉ်အတွင်း ဘက်တစ်ခုခုမှ တစ်သားတည်း ရပ်တည်ခြင်းများကို အများပြည်သူ ရှေ့မှောက်တွင် ဗြောင်အတိအလင်း ပြုလုပ်မိစေရန် အချို့က တမင် စီမံ ပုံသွင်းပေးတတ်ကြသည် ။

“ Deep State အစစ်များ၏ တုံ့ပြန်မှုများ“ 

       သက်ဆိုင်ရာနိုင်ငံ၊ ဒေသအလိုက် အမှန်တကယ်အုပ်စိုးနေသော Deep State အစစ်များကမူ ယင်းစစ်ပွဲ သို့မဟုတ် ပဋိပက္ခဖြစ်စဉ်အတွင်း  မည်သည့်ဘက်က နောက်ဆုံးအဆင့်တွင်  “ တရားဝင် ရှုံးနိမ့်ရမည့် ဘက် “ (Side of Official Loser) အဖြစ် လည်းကောင်း ၊ မည်သည့် ဘက်က “ တရားဝင် အနိုင်ရမည့် ဘက် “ (Side of Official Winner) အဖြစ် လည်းကောင်း ၊ သမိုင်းခရီးအရ သရုပ်ဆောင်ပေးရန် နှင့်  ပုံရိပ် သတ်မှတ်ခြင်း (Image Determination) ပြုလုပ်ပေးရန် အတွက် တိကျသော ကြိုတင် ဆုံးဖြတ်ချက် ချကာ ၊ ထိုကဲ့သို့ အတိအကျ ကြိုတင် သတ်မှတ်ပေးထားပြီး ဖြစ်သော ၊ “ တရားဝင် အနိုင် အရှုံး “ (Official Winner-Loser)  သတ်မှတ်ချက်ကို  စစ်ပွဲ သို့မဟုတ် ပဋိပက္ခ ဖြစ်စဉ် အတွင်း ပါဝင်လာမည့် ကွပ်ကဲသူ အစစ်များ အားလုံးက လက်တွေ့ပိုင်းအရ လိုက်နာစေရန် လျှို့ဝှက် အုပ်စိုးမှုရပ်ဝန်း  ၏ “ စုဝေးစားပွဲများ အားလုံး “ (All Tables of Deep State) နှင့် “ အသင်းတိုက်များ အားလုံး “ (All Clubs of Deep State)  က တူညီစွာ လိုက်နာ သဘောတူ ဆောင်ရွက်ပေးစေရန် ပြုလုပ်တတ်ကြသည် ။ 

Most Read

Most Recent