မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application အားအသုံးပြုပြီး ခရီးစဉ်အချက်အလက်များ ကြည့်ရှုခြင်းအပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့်ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application အားအသုံးပြုပြီး ခရီးစဉ်အချက်အလက်များ ကြည့်ရှုခြင်းအပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့်ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်
Published 14 October 2022

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application အား အသုံးပြုပြီးခရီးစဉ်အချက်အလက်များ ကြည့်ရှုခြင်း အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့်ငွေ ပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ MNA Mobile Application မှာ ကြိုက် နှစ်သက်ရာခရီးစဉ်ရဲ့ အချက်အလက်ကို ကြည့်ရှုနိုင်မယ့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူတာ၊ ငွေပေးချေတာတွေအပြင် Online Check-in လုပ်တာနဲ့ E-Boarding Pass ထုတ်ယူတာတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်“ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များကို နိုင်ငံအတွင်းနှင့် အာရှပစိ ဖိတ်ဒေသများသို့ မိမိစိတ်ကြိုက်ပြင်ဆင်ထား သည့် ခရီးစဉ်အတိုင်း စင်းလုံးငှားခရီးစဉ်များငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှား ခရီးစဉ်ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။                                   

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့်အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာ တွင် Boeing 737-800 NG ၊ Embraer 190 နှင့် ATR 72-600 လေယာဉ် အမျိုးအစားများဖြင့် စင်းလုံးငှားခရီးစဉ်များ ပျံသန်း နေခြင်းဖြစ်သည်။

“စင်းလုံးငှား လေယာဉ်ခရီးစဉ်တွေ အနေနဲ့ ကူမင်း၊ အင်ချွန်းနဲ့ စင်ကာပူနိုင်ငံတွေကို ငှားရမ်းမှုပိုများပါတယ်။ အများဆုံးကတော့ ကုန်ပစ္စည်းတင်စင်းလုံးငှားလေယာဉ် ခရီးစဉ်ဖြစ်ပြီး Seafood နဲ့ အထည်အလိပ်တွေ ပို့ဆောင်တာများပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သောအချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာ ချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Playstore တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။    

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လာမည့်အောက်တိုဘာ မတိုင်ခင်ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူကပ္ပတိန် ခုပ်ခန့်မုံ၏ ပြောကြားချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် Boarding Pass ပြသ၍ ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန်စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent