မြန်မာ့မီးရထားက မောင်လမြိုင်-ရန်ကုန် ရထားတွဲဆိုင်းအား ရိုးရိုးရထားအစား လေအိတ်ရထားဖြင့် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ ပြောင်းလဲပြေးဆွဲမည်

မြန်မာ့မီးရထားက မောင်လမြိုင်-ရန်ကုန် ရထားတွဲဆိုင်းအား ရိုးရိုးရထားအစား လေအိတ်ရထားဖြင့် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ ပြောင်းလဲပြေးဆွဲမည်
Published 14 October 2022

မြန်မာ့မီးရထားက မောင်လမြိုင်-ရန်ကုန် ရထားတွဲဆိုင်းအား ရိုးရိုးရထားအစား လေအိတ်ရထားဖြင့် အောက်တိုဘာ ၁၅ရက် မှစတင်ကာ ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

လက်မှတ်များကို ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြို၊ အထက်တန်းလက်မှတ်အား သုံးရက်ကြိုစနစ်ဖြင့် မော်လမြိုင်ဘူတာကြီးတွင် နံနက် ရနာရီခွဲမှ စတင်ကာ ရက်ကြိုလက်မှတ်ရုံတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာပြန်လည် ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း(အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆ နာရီတွင် ပုသိမ်ဘူတာမှ ရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ်(အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထားခရီးစဉ် အား ပြန်လည်ပြေးဆွဲခဲ့သည်။

တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ်အမှတ် (၁၅၃) အဆန်၊ အမှတ်(၁၅၄)အစုန်ရထားပြန်လည် ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးဘူတာစင်္ကြ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာ အထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။                                   

ယခုအခါဒေသခံတိုင်းရင်းသား  ပြည်သူများ၏ တောင်းဆိုချက်အရ မြန်မာ့မီးရထားက ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေ ရေး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီးသွားတိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့လုံခြုံစွာသွားလာအသုံး ပြုနိုင်စေရန် ဆောင်ရွက်ထားပြီး ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားပြေးဆွဲရာတွင် အမှတ် (၁၅၃) အဆန် လူစီးကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာ၍ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ အမှတ် (၁၅၄)အစုန် လူစီးကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီတွင် လည်းကောင်းရောက်ရှိမည်ဖြစ်ရာ ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။                         

မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထား  တစ်စီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထား က သတင်းရရှိသည်။

Most Read

Most Recent