ဘောလုံးသမားတွေရဲ့နေအိမ်တွေကိုမှ ဝင်ရောက်ခိုးယူလေ့ရှိတဲ့ ဖောက်ထွင်းသူခိုးတွေက အချိန်ကာလအပေါ် ပစ်မှတ်ထားမှုပြောင်းလဲလာခဲ့ပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။ အရင်က ဖောက်ထွင်းသူခိုးတွေ ပစ်မှတ်ထားတဲ့အချိန်က ဘောလုံးသမားတွေ ပွဲကစားဖို့ သွားနေတဲ့အချိန်၊ အိမ်မှာမိသားစုကျန်ခဲ့ရင်တောင် လူနည်းတဲ့အချိန်ကို ဖောက်ထွင်းဝင်ရောက်ဖို့ အကောင်းဆုံးအချိန်လို့ သတ်မှတ်ကြတာပါ။ ဒါကြောင့် ဘောလုံးသမားတွေ နိုင်ငံရပ်ခြားခရီးဝေးသွား ရချိန်မျိုးမှာ နေအိမ်ဖောက်ထွင်းခံရတဲ့သတင်း ထွက်ပေါ်တာ များခဲ့ပါတယ်။ ဒီအတွက် ဘောလုံးသမားတွေက လုံခြုံရေးအစီအစဉ်တွေကို ပိုတိုးမြှင့်လုပ်ဆောင်လာကြပြီး ခေတ်မီအချက်ပေးပစ္စည်းတွေ တပ်ဆင်တာ၊ လုံခြုံရေးအဖွဲ့ငှားရမ်းတာမျိုးတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ ပျော့ကွက်ရှိစမြဲဆို တဲ့စကားအတိုင်းပဲ ဖောက်ထွင်းသူခိုးတွေက ပျော့ကွက်အသစ်ကို တွေ့ရှိလာခဲ့ပါတယ်။
ပစ်မှတ်အပြောင်းအလဲ (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















