ဇာဗီ၊ ဘာစီလိုနာနဲ့ အောက်တိုဘာစိန်ခေါ်မှု

ဇာဗီ၊ ဘာစီလိုနာနဲ့ အောက်တိုဘာစိန်ခေါ်မှု
Photos: AFP
Photos: AFP
Published 12 October 2022
Phoe Thar

နည်းပြဇာဗီကိုယ်တိုင်လည်း ဘာစီလိုနာနည်းပြဘဝ (၁)နှစ်နီးပါးကာလအတွင်းမှာ လာလီဂါအဝေးကွင်း (၁၈)ပွဲဆက်ရှုံးပွဲမရှိကစားပြီး ပြိုင်ပွဲသမိုင်းရဲ့စံချိန်သစ်တစ်ခုကိုပိုင်ဆိုင်ခဲ့ပေမဲ့၊ ချန်ပီယံလိဂ်မှာတော့ အဝေးကွင်း (၃)ပွဲကိုင်တွယ်ရာမှာ (၃)ပွဲစလုံးကိုရာနှုန်းပြည့်အရှုံးပေးထားရပါတယ်။ ဇာဗီရဲ့ဥရောပဘောလုံးနည်းပြအတွေ့အကြုံအရ အချိန်တစ်ခုလိုအပ်သေးတာကြောင့် ချန်ပီယံလိဂ်ရလဒ်ပိုင်းက ပြဿနာကြီးကြီးမားမား မဟုတ်သေးပေမဲ့ ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ပုံရိပ် ကျဆင်းသွားမှုကတော့ စိုးရိမ်စရာကောင်းနေတာအမှန်ပဲ။ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်ရရှိထားဖူးသလို ၂၀၀၇-၀၈ ရာသီကနေ ၂၀၁၉-၂၀ ရာသီအထိ ကွာတားဖိုင်နယ်ကို (၁၃)ကြိမ်ဆက် တက်ရောက်ကာ ပြိုင်ပွဲကိုအတိုင်းအဆမဲ့လွှမ်း မိုးခဲ့ဖူးတဲ့ ဘာစီလိုနာလိုအသင်းအတွက် လက်ရှိကာလ ချန်ပီယံရလဒ်တွေကလည်း လက်ခံရခက်စေပါလိမ့်မယ်။ ဘာစီလိုနာအနေနဲ့ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်ကနေထပ်မံ လက်ပြခဲ့ရမယ်ဆိုရင် ၁၉၉၈-၉၉ ရာသီနောက်ပိုင်း အသင်းအတွက် ပထမဆုံးအကြိမ် (၂)ကြိမ်အုပ်စုကထွက်ခွာရခြင်းအဖြစ် မှတ်တမ်းဆိုးပိုင်ဆိုင်သွားမှာပါ။ ဒီအခြေအနေဟာ ဇာဗီရဲ့နည်းပြဘဝအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုလည်းဖြစ်နေပါတယ်။

 

Most Read

Most Recent