မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ဆက်လက်လျော့နည်းနေပြီး ယခင်နှစ်ကာလတူ ပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၁၁၅ သန်းကျော် လျော့ကျ

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ဆက်လက်လျော့နည်းနေပြီး ယခင်နှစ်ကာလတူ ပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၁၁၅ သန်းကျော် လျော့ကျ
မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
Published 11 October 2022

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုးဆက်လက်လျော့နည်းနေပြီး ယခင်နှစ်ကာလတူပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၁၁၅ သန်းကျော် လျော့ကျနေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာကိန်း ဂဏန်းများအရ သိရသည်။

ပို့ကုန်တန်ဖိုးကို ဒေါ်လာဖြင့်သွင်းပြီး ကျပ်ငွေဖြင့်ပြန်ထုတ်ယူရသည့် ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲဖြစ်ကတည်းက  မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့မှု လျော့ကျလာခြင်းဖြစ်သည်ဟု နယ် စပ်ကုန်သည်များထံမှ သိရသည်။

မြဝတီနယ်စပ်စခန်းမှ ၂၀၂၂  ခုနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၃၀ ရက်အထိ ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၅၇ ဒသမ ၅၅၄ သန်းရှိပြီး ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၂၉  ဒသမ ၀၆၂ သန်းရှိသဖြင့် နှိုင်းယှဉ်ပါ က လက်ရှိကုန်သွယ်မှုပမာဏမှာ ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၅၀၈ သန်း လျော့ကျနေကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာ ၃၀ ရက်အထိ မြဝတီနယ်စပ်စခန်းမှ ပို့ကုန်တန် ဖိုး အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၆၀၃ သန်း တင်ပို့ထားပြီး ယခင်နှစ်ကာလတူက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၃၁၉ သန်းရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်ပို့ကုန်တန် ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၇၁၆ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်း ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာသန်း ၁၉၈၀ ကျော်သာရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက် မှသွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိခဲ့ကြောင်း သိရ သည်။