ညောင်လေးပင်ခရိုင်တွင် စက်တင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွား

ညောင်လေးပင်ခရိုင်တွင် စက်တင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွား
Published 11 October 2022

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်တွင် စက်တင်ဘာလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း တပ်မတော်နှင့် KNU တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားချိန်အတွင်း လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလည်းရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားချိန်အတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent