ပြင်သစ်လီဂူးတွင် သွင်းဂိုး(၁၀၀)၊ ဂိုးဖန်တီးမှု (၁၀၀)ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် ပါယက် မှတ်တမ်းဝင်

ပြင်သစ်လီဂူးတွင် သွင်းဂိုး(၁၀၀)၊ ဂိုးဖန်တီးမှု (၁၀၀)ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် ပါယက် မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 10 October 2022

မာဆေးလ်အသင်း၏ ပြင်သစ်ဝါရင့်ကစားသမား ပါယက်သည် အာယက်စီယိုနှင့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ပြင်သစ်လီဂူးပြိုင်ပွဲတွင် သွင်းဂိုး (၁၀၀)၊ ဂိုးဖန်တီးမှု (၁၀၀)ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ပါယက်သည် လီဂူးပွဲစဉ် (၄၇၆)ပွဲတွင် (၁၁၂)ဂိုးအထိ ဖန်တီးပေးထားခဲ့သည်။

၎င်းအနေဖြင့် သွင်းဂိုး(၁၀၀)တွင် နန့်စ်အတွက် (၅)ဂိုး၊ စိန့်အက်တီယန်အတွက် (၁၉)ဂိုး၊ လိုင်လီအတွက် (၁၈)ဂိုး၊ မာဆေးလ်အတွက် (၅၈)ဂိုး သွင်းယူပေးခဲ့သည်။