ကွန်းဖရန့်လိဂ် အုပ်စုပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် အုပ်စုပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo: Forentina Twitter
Photo: Forentina Twitter
Published 6 October 2022

ကွန်းဖရန့်လိဂ်အုပ်စုအဆင့်ပွဲစဉ် (၃)မှာ အန်ဒါလက်ချ်နဲ့ ဝက်စ်ဟမ်းအသင်း ပထမနေရာအတွက် ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဗီလာရီးယဲလ်အသင်းကတော့ အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့များပါတယ် . . .

အန်ဒါလက်ချ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

အန်ဒါလက်ချ်အသင်းမှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ဗာတွန်ဂန်၊ ဝက်စလေဟို့တ်၊ ဖာဘီယိုဆေးလ်ဗားတို့လို ကစားသမားတွေ ရှိနေတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံပြည်တွင်းလိဂ်မှာတော့ အန်ဒါလက်ချ်ရဲ့အရှိန်အဝါ အတော်လေးကျဆင်းနေပြီး အရင်လို လွှမ်းမိုးထားနိုင်တဲ့ အနေအထားမဟုတ်တော့ဘဲ ဇယားအလယ်နားအထိ ရောက်နေတယ်။ ပွဲရဲ့အဖြေက ဝက်စ်ဟမ်းအသင်း ဘယ်လိုကစားမလဲအပေါ်မှာပဲ အဓိက မူတည်နေတယ်။ အမှတ်ဆုံးရှုံးလို့လည်းရတဲ့ အနေအထားမို့လို့ ဝက်စ်ဟမ်း သရေလောက်ပဲ ထိန်းကစားမယ်ထင်တယ်။ အန်ဒါလက်ချ်နဲ့ စွန့်စားချင်တယ်။

ဗီလာရီးယဲလ် နှင့် သြစတြီးယားဝီအန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဗီလာရီးယဲလ်အသင်း အုပ်စု(၂)ပွဲစလုံး အနိုင်ကစားထားပေမဲ့ ပြိုင်ဘက်တွေကို အပြတ်ဖြတ်မထားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအုပ်စုမှာ ဗီလာရီးယဲလ်အနေနဲ့ ပြိုင်ဘက်အသင်း(၃)သင်းစလုံးထက် ခေါင်းတစ်လုံးမက သာပါတယ်။ ဗီလာရီးယဲလ် ဂိုးပြတ်လိမ့်မယ်။

ကိုလုံး နှင့် ပါတီဇန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ခြေစွာနေတဲ့ ကိုလုံးအသင်း ဒီပွဲလည်း အနိုင်ကစားသွားဖို့များတယ်။

ဟတ်စ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဖီအိုရင်တီးနားအသင်း ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ (၁) ပွဲသာ အနိုင်ရခဲ့ပေမဲ့ သရေပွဲတွေက ပိုများပါတယ်။ ဖီအိုရင်တီးနားအသင်းရဲ့ လက်ရှိပုံစံအရ ကွန်းဖရန့်လိဂ်ဘက်ကို အားထည့်ကစားမယ့်ပုံလည်း မရှိပါဘူး။ ဟတ်စ်အသင်းဘက်က အရဲစွန့်ရပ်တည်တာပိုကောင်းမယ်။

Most Read

Most Recent