MSME လုပ်ငန်းရှင်များအား ကိုဗစ်ကာလချေးငွေများအတွက်ပြန်ဆပ်ရန် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 

MSME လုပ်ငန်းရှင်များအား ကိုဗစ်ကာလချေးငွေများအတွက်ပြန်ဆပ်ရန် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 
အောက်တိုဘာ ၃ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံစဉ်
အောက်တိုဘာ ၃ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံစဉ်
Published 4 October 2022

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ကိုဗစ်ကာလချေးငွေများအတွက် ပြန်ဆပ်ရန် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အောက်တိုဘာ ၃ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြေ၊ ရေနှင့် လူ့စွမ်းအားအရင်း အမြစ်များ ရှိပြီးဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်လျက်ရှိကြောင်း၊ ဆီထွက်ကုန်များအနက် မြေပဲသီးနှံတစ်ခုသာလျင် အထွက်နှုန်းကောင်းမွန်ပြီး အခြားဆီထွက်သီးနှံများမှာ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်မပြည့်မီသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်အထွက် နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆီအုန်းမှထွက်ရှိလာသည့် ဆီများကို စားသုံးဆီသာမက စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာစိုက်ပျိုးမှု မရှိသည့်အတွက် ဆီထုတ်လုပ်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများအနေဖြင့်လည်း အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အခွင့်အလမ်းရရှိရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလချေးငွေများ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေမှုအတွက် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝပေးသွင်းရန်လိုကြောင်း၊ လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုး တက်ရေးရန်ပုံငွေအတွက် ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှရရှိရန်ကျန်ရှိသည့် ချေးငွေများ ပြန်လည်ရရှိမည်ဆိုပါက ချေးငွေများကို ပိုမိုပြည့်ဝစွာထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ်သုံးစွဲငွေများရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကိုလည်း အတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 

Most Read

Most Recent