စက်တင်ဘာ ၂၈ တွင် သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလန်ရှစ်သန်းကျော် ထပ်မံရောက်ရှိ၍ ပြည်တွင်း၌စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်

စက်တင်ဘာ ၂၈ တွင် သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလန်ရှစ်သန်းကျော် ထပ်မံရောက်ရှိ၍ ပြည်တွင်း၌စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်
Published 30 September 2022

စက်တင်ဘာ ၂၈  တွင် သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ်စုစုပေါင်း ဂါလန်ရှစ်သန်း ကျော်ထပ်မံရောက်ရှိ၍ ပြည်တွင်း၌ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှ ဆီချလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ အဆိုပါသင်္ဘောတွင် ဓာတ်ဆီ 92 Ron ဂါလန် ၂ ဒသမ ၄၅ သန်းနှင့် ပရီမီယံဒီဇယ် ဂါလန် ၆ ဒသမ ၁၄ သန်းပါရှိပြီး ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်း ဂါလန် ၈ ဒသမ ၅၉ သန်းကို ဆီချလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်မှစ၍ ရန်ကုန် တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလံ ခြောက်သန်း ကျော်ကို ဆီချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့် ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိ စေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Yi သင်္ဘောသည် ရိုးရိုးဒီ ဇယ်ဂါလံ ၁ ဒသမ ၈၆ သန်းနှင့် ပရီမီယံဒီ ဇယ်ဂါလံ ၂ ဒသမ ၁၇ သန်း စုစုပေါင်းဒီဇယ်  ဂါလံ ၄ ဒသမ ၀၃ သန်းကို ဆီချလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron ဂါလံ ၂ ဒသမ ၁၃ သန်းကို ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒီဇယ်နှင့်ဓာတ်ဆီ စုစုပေါင်းဂါလံ ၆ ဒသမ ၁၆ သန်းအထိ ဆီချလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၌ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Premium ၊ အလျော့တွက် ၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက် ထုတ်ပြန်ပေးခြင်းဖြစ်သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက် ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များ အတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။

သို့ရာတွင် အချို့သောမြို့နယ်များသို့ စက်သုံးဆီဖြန့်ဖြူးဆောင်ရွက်ရာတွင် စက်သုံးဆီတင် ဘောက်ဆာ(Bowser)များနှင့် ဆီတွဲ ရေယာဉ်(Barge) များကို လက်နက်ကိုင်အ ကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိသဖြင့် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent