လစာများကို ပြည်တွင်းသို့ ပြန်လွှဲပြောင်းပေးရန် လိုက်နာခြင်းမရှိသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် လစာငွေများကို ဘဏ်လမ်းကြောင်းမှ ဝင်ရောက်သုံးစွဲရန် အတင်းအဓမ္မစေခိုင်းခြင်းမရှိကြောင်း ဗဟိုဘဏ်ညွှန်ချုပ် ပြောကြား

လစာများကို ပြည်တွင်းသို့ ပြန်လွှဲပြောင်းပေးရန် လိုက်နာခြင်းမရှိသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် လစာငွေများကို ဘဏ်လမ်းကြောင်းမှ ဝင်ရောက်သုံးစွဲရန် အတင်းအဓမ္မစေခိုင်းခြင်းမရှိကြောင်း ဗဟိုဘဏ်ညွှန်ချုပ် ပြောကြား
Published 29 September 2022

သင်္ဘောသားများ၏ လစာများအားလုံးကို မြန်မာနိုင်ငံတွင်းသို့ ပြန်လွှဲပြောင်းရန် လိုက်နာခြင်းမရှိသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ သတင်းမှားဖြစ်ကြောင်းနှင့် လစာငွေများအား ဘဏ်လမ်းကြောင်းမှ ဝင်ရောက် သုံးစွဲရန် တိုက်တွန်းခြင်းသာရှိပြီး အတင်းအဓမ္မစေခိုင်းခြင်းမရှိကြောင်း ဗဟိုဘဏ်ညွှန်ချုပ်ပြောကြားဗဟိုဘဏ်ညွှန်ကြားရေးမှူး ချုပ် ဦးအောင်အောင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ပရောက် သင်္ဘောသားများ၏ လစာများအားလုံးကို မြန်မာနိုင်ငံတွင်းသို့ ပြန်လည်လွှဲပြောင်းရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ သတင်းမှားများသာဖြစ်ကြောင်း ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။

“ပြည်ပရောက် သင်္ဘောသားလစာငွေကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာချက်တွေက အရင်အတိုင်းပါပဲ။ ဘာမှ ပြောင်းလဲခြင်းမရှိပါဘူး။ ထပ်မံထုတ်ပြန်တာလည်းမရှိပါဘူး။ ဘဏ်လမ်းကြောင်းကနေပြီးတော့ ဝင်ရောက်သုံးစွဲလာဖို့အ တွက်ကိုပဲ ကျွန်တော်တို့က တွန်းအားပေးနေတာပဲရှိပါတယ်။ အတင်းအဓမ္မ ဖြစ်ရမယ် ဆိုနေတာဘာမှမရှိပါဘူး။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လည်းတောက်လျှောက် စောင့်ကြည့်နေပါတယ်။ ခုရက်ပိုင်း ပျံ့နှံ့နေ တဲ့သတင်းတွေက သိသာလွန်းတဲ့ Fake News တွေပါ“ ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြား ခဲ့သည်။

ပြည်ပရောက်သင်္ဘောသားများ၏ လစာအားလုံးကို မြန်မာနိုင်ငံတွင်းပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့်မလွှဲသည့် သင်္ဘော သားများကို သင်္ဘောလိုက်ခွင့်ကန့်သတ်သွားမည်ဖြစ်ကြောင်း သင်္ဘောသားလောကအတွင်း ပြောဆိုမှုများရှိနေခြင်းဖြစ်သည်။

ယင်းပြင် သင်္ဘောသားများအနေဖြင့် လစာအပြည့်အဝ ပြန်လည်လွှဲပြောင်းခြင်း မရှိပါက သင်္ဘောသားနိုင်ငံကူးလက်မှတ်၊ စီဒီစီ စသည်တို့ကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန်ရှိနေပြီး လုပ်ခလစာအားလုံးကို ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းမည် ဆိုသည့် ခံဝန်ချက်လက်မှတ်ရေးထိုးရန် ရှိနေကြောင်း ဆိုရှယ်မီဒီယာတွင် သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါသတင်းများနှင့် ပတ်သက်၍ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး SRPS လိုင်စင်ရရှိထားသည့် ကုမ္ပဏီတစ်ခုမှ တာ ဝန်ရှိသူတစ်ဦးက အဆိုပါသတင်းများမှာ ကောလဟလ သတင်းများသာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ပြည်ပရောက် သင်္ဘောသားများ၏ လစာအားလုံးကို မြန်မာနိုင်ငံတွင်းပြန်လွှဲရန်နှင့် လစာအပြည့်မလွှဲသည့်သင်္ဘောသားများကို သင်္ဘောလိုက် ခွင့်ကန့်သတ်သွားမည်ဟု ညွှန်ကြားခြင်းမျိုးမရှိကြောင်း ပြောပြခဲ့သည်။

“အန်ကယ်တို့အနေနဲ့ ဝန်ကြီးနဲ့ အမြဲအစည်းအဝေးတွေမှာ တွေ့ဆုံနေတာပါ။ ဒီလို ပြောကြားတာမျိုးလုံးဝမရှိပါဘူး။ သင်္ဘော သားတွေအနေနဲ့လည်း ရသမျှလစာဒီကို အကုန်လွှဲရင် ဟိုမှာသူတို့ ဘာနဲ့သွားသုံးမလဲ။ အဲ့တော့ ဒီသတင်းက လုံးဝ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

Most Read

Most Recent