မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ် ၅ အဆန်နှင့် ၆ အစုန်အမြန်ရထားများတွင် စားသောက်တွဲ ဝန်ဆောင်မှုလုပ်ငန်းလုပ် ကိုင်ခွင့်အား စျေးပြိုင်လေလံစနစ်ဖြင့် ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါအား စက်တင်ဘာ ၂၆ ရက်က ခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါစားသောက်တွဲဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်အထိ တစ်နှစ်သက်တမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်သည်။
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမြန်ရထားများတွင် စားသောက်တွဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အား စျေးပြိုင်လေလံစနစ်ဖြင့်ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ် ၃ အဆန်၊ ၄ အစုန်အမြန်ရထားများတွင် စားသောက်တွဲ ဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၂ အောက်တိုဘာမှ ၂၀၂၃ စက်တင်ဘာထိ တစ်နှစ်သက်တမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် စျေးပြိုင်လေလံစနစ်ဖြင့် Open Tender ခေါ်ယူခဲ့ပြီးဖြစ်သည်။
မြန်မာ့မီးရထားက ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်းအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထား ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီးရထား ၅၄ စင်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင်ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင်လမ်းပိုင်းတွင် ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထားနှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီးရထား ၅၄ စင်းပြေးဆွဲပေးနေခြင်းဖြစ်သည်။
မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ယင်းပြင် မြန်မာ့မီးရထားကသည် ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့သည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။