စက်တင်ဘာ ၂၂ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၂၈၀၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၁၉၅၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့

စက်တင်ဘာ ၂၂ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၂၈၀၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၁၉၅၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့
Published 22 September 2022

စက်တင်ဘာ ၂၂ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၂၈၀၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၁၉၅၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေစျေးနှုန်းအပေါ်အခြေခံတွက်ချက်ကာ စျေးနှုန်းသတ်မှတ်၍ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၆ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

နေပြည်တော်၌ ရောင်းချနေသည့် ရွှေဒင်္ဂါးပြားအား စက်တင်ဘာ ၁၄ ရက်တွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် သတ်မှတ်ရောင်းချပေးနေကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်းမှ ဒုတိယအထွေထွေ  မန်နေဂျာဦးကျော်သူထွန်းက ပြောကြားသည်။

“ကျွန်တော်တို့က စျေးကတော့ ဒီနေ့ ၂၈ သိန်းနဲ့ ရောင်းတယ်။ မနေ့ကတော့ ၂၈ သိန်းငါးသောင်းပေါ့။ ဒီနေ့ ငါးသောင်းကျသွားတယ်ပေါ့”ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးကျော်သူထွန်းက The Daily Eleven  သတင်းစာသို့ ဖြေကြားသည်။

နေပြည်တော်တွင် စက်တင်ဘာ ၅ ရက် မှစတင်၍ တစ်မတ်သား ရွှေဒင်္ဂါးပြား၊ ငါးမူးသား ရွှေဒင်္ဂါးပြားနှင့် တစ်ကျပ်သား ရွှေဒင်္ဂါးပြားများကို ရောင်းချနေခြင်းဖြစ်ပြီး စတင်ရောင်းချသည့်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်က တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်၌သာ ရွှေဒင်္ဂါးပြားများကို ရောင်းချနေသော်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင်လည်း ရောင်းချရန် အစီအစဉ်ရှိကြောင်းလည်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ် ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားထားသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေဒင်္ဂါးပြားများကို အပတ်စဉ် ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာမှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိပြီး နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းနှင့် ရုံးပိတ်ရက်များတွင် ရွှေဒင်္ဂါးပြားများကို ရောင်းချမည်မဟုတ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း  အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

 

Most Read

Most Recent