အက်တမ်(ATOM) ၏ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲအစီအစဉ်များ ပါဝင်သည့် နောက်ဆုံးပေါ် 3D ဂိမ်း တို့တို့ဆိုက်ကားဂိမ်းကို မိတ်ဆက်

အက်တမ်(ATOM) ၏ ရက်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲအစီအစဉ်များ ပါဝင်သည့် နောက်ဆုံးပေါ် 3D ဂိမ်း တို့တို့ဆိုက်ကားဂိမ်းကို မိတ်ဆက်
Published 19 September 2022

အက်တမ်(ATOM) ၏ ရက်ပေါင်း ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ ကံစမ်းမဲအစီအစဉ်များပါဝင်သည့် နောက်ဆုံးပေါ် 3D ဂိမ်း တို့တို့ဆိုက်ကားဂိမ်းကို မိတ်ဆက်ခဲ့ကြောင်း အက်တမ်(ATOM)မှ သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် အက်တမ်(ATOM)က ရက် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဆိုပါဂိမ်းအား မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

" ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အဖွဲ့ တစ်ခုလုံးအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင် တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လောက်အထိ ဂုဏ်ယူမိတယ်ဆိုတာကို ထုတ်ဖော်ပြောပြလို့တောင် မရနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ရက် ၁၀၀ အထိမ်းအမှတ်ကို ဖြတ်သန်းရခြင်း အကြောင်းရင်းကတော့ အက်တမ် (ATOM) အဖွဲ့သားတွေ တစ်ဦးချင်းစီရဲ့ ထင်ရှားတဲ့ ကြိုးစားလုပ်ဆောင်မှုနဲ့ စေတနာထားမှုတွေအပြင် သုံးစွဲသူတစ်ဦး တစ်ယောက်ချင်းဆီရဲ့ အားပေးမှုနဲ့ သုံးစွဲမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အက်တမ် (ATOM) က သုံးစွဲသူတွေကို ပိုမိုဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးဆောင်နေလျှက်ရှိပြီး လာမယ့်နှစ်ပေါင်းများစွာအထိ မြန်မာနိုင်ငံမှာ ထိပ်တန်း တယ်လီကွန်း အော်ပရေတာအဖြစ် ဆက်ရှိနေမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကတိကဝတ် တွေထဲက တခုကိုရောင်ပြန်ဟပ်ပြီး ပိုမိုကောင်းမွန်တဲ့ ကွန်ရက်၊ အရည်အသွေးပြည့်ဝတဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင် မှုတွေ၊ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေအပြင် အရာအားလုံးထက် ပိုမိုပြီး မြန်မာပြည်သူတွေနဲ့ စီးပွားရေးဂေဟ စနစ်တွေကို ကူညီပံ့ပိုးစွမ်းဆောင်သွားမှာဖြစ်ပါတယ် ဟု အက်တမ် (ATOM) ၏ အမှုဆောင် အရာရှိချုပ် Muhammad Ziaullah Siddiqui  က အက်တမ် (ATOM) ၏ ရက် ၁၀၀ ပြည့်ပွဲတွင် ပြောကြားသည်။

အက်တမ် (ATOM) ၏ နောက်ဆုံးပေါ်တို့တို့ ဆိုက်ကားဂိမ်း အက်တမ် (ATOM) ကို အက်တမ် (ATOM) စတိုးအက်ပ် တွင် ရရှိနိုင်ပြီး ကစားသူများသည် ရက်ပေါင်း ၉၀ ကြာ Mega Grand Draw ကမ်ပိန်းတွင် မြန်မာငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ ကံစမ်းမဲအစီအစဉ်များနှင့် BAIC ကားအသစ်စက်စက် တစ်စီး၊ ငွေသားကံစမ်းမဲများနှင့် အခြားကြီးကျယ်ခမ်းနားသော ဆုများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူများသည် ရက်ပေါင်း ၉၀  ကမ်ပိန်းအတွင်း  တို့တို့ဆိုက်ကားဂိမ်းကို ကစားကာ ဒစ်ဂျစ်တယ် လက် မှတ်ကူပွန်များကို စုဆောင်းနိုင်ပြီး၊ ကစားသည့်အကြိမ်အရေအတွက်များလာလေ၊ ရာသီအလိုက်ဆုများ ရရှိနိုင် မည့်အခွင့်အလမ်း ပိုမိုများပြားလာလေဖြစ်ကြောင်း၊ အဆိုပါ ရာသီအလိုက် ဆုများတွင် iPhone 13 pro၊ iPad Air 5၊ Samsung A22 5G နှင့် အခြား စမတ်ဖုန်းများနှင့် အသုံးအဆောင် ကိရိယာအမျိးမျိး (Gadgets) ပါဝင်ကြောင်း၊ ရာသီအလိုက် ကံထူးရှင်များကို ၁၅ ရက်လျှင် တစ်ကြိမ် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပက်ကေ့ခ်ျ တစ်ခု သို့မဟုတ် ၉၉ ကျပ်ဖြင့် တစ်ကြိမ် ဂိမ်းကစားတိုင်းတွင် သုံးစွဲသူများအတွက် ချက်ချင်းရရှိမည့် တယ်လီကွန်း ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အက်တမ် (ATOM) စတိုးအက်ပ်ကို အသုံးပြ၍ တို့တို့ဆိုက်ကားဂိမ်းကို အက်တမ် (ATOM) ကွန်ရက်ဖြင့် ကစားခြင်းများအတွက် ဒေတာကောက်ခံခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း အက်တမ် (ATOM) မှ သိရသည်။

ဆက်လက်ပြီး အက်တမ် (ATOM) သည် လူမှုအကျိးပြု အစီအစဉ်များအတွက် ၂၀၂၃ နှစ်ကုန်အထိ မြန်မာငွေကျပ် ၃ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများတွင် လိုအပ်လျက်ရှိသော အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက် အအုံများကို ပံ့ပိုးပေးရန်အတွက် မြန်မာကျပ်ငွေ တစ်ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent