မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၅ ရက်က ပျံသန်းခဲ့သည့် လေကြောင်းခရီးစဉ်များတွင် လေယာဉ်လက်မှတ်များ ကံစမ်းမဲဖောက်ပေးခဲ့

မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၅ ရက်က ပျံသန်းခဲ့သည့် လေကြောင်းခရီးစဉ်များတွင် လေယာဉ်လက်မှတ်များ ကံစမ်းမဲဖောက်ပေးခဲ့
Published 19 September 2022

မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၅ရက်က ပျံသန်းခဲ့သည့် လေကြောင်းခရီးစဉ်များတွင် လေယာဉ်လက်မှတ်များ ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လေကြောင်းလိုင်း ၇၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စက်တင်ဘာ ၁၅ရက်က MNA က ပျံသန်းခဲ့တဲ့ ခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်တွေ ကံစမ်းမဲဖောက်ပေးခဲ့တာပါ။ ၇၄နှစ်ပြည့် မတိုင်ခင်တည်းက လေယာဉ်လက်မှတ်တွေကို အထူးစျေးနှုန်းနဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းပျံသန်းနေသည့် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်၏ ညနေပိုင်းခရီးစဉ်များကို Boeing 737-800 NG လေယာဉ်များဖြင့် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များကို နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ မိမိစိတ်ကြိုက်ပြင်ဆင်ထားသည့် ခရီးစဉ်အတိုင်း စင်းလုံးငှားခရီးစဉ်များ ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ် ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် Boeing 737-800 NG၊ Embraer 190 နှင့် ATR 72-600 လေယာဉ်အမျိုးအစားများဖြင့် စင်းလုံးငှားခရီးစဉ်များပျံသန်းနေခြင်းဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာ ချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Playstore တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။     

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လာမည့်အောက်တိုဘာ မတိုင်ခင်ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူကပ္ပတိန် ခုပ်ခန့်မုံ၏ ပြောကြားချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် Boarding Pass ပြသ၍ ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန်

စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent