မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမြန်ရထားများတွင် စားသောက်တွဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်အား စျေးပြိုင်လေလံစနစ်ဖြင့်ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမြန်ရထားများတွင် စားသောက်တွဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်အား စျေးပြိုင်လေလံစနစ်ဖြင့်ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 19 September 2022

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမြန်ရထားများတွင် စားသောက်တွဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အား စျေးပြိုင်လေလံစနစ်ဖြင့်ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ် ၃ အဆန်၊ ၄ အစုန်အမြန်ရထားများတွင် စားသောက်တွဲ ဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၂ အောက်တိုဘာမှ ၂၀၂၃ စက်တင်ဘာထိ တစ်နှစ်သက်တမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်ဘူတာ (ပထမ) ထပ်ရှိ စီးပွားရေးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီတွင် စျေးပြိုင်လေလံစနစ်ဖြင့် Open Tender ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်းအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထား၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း၊ စုစုပေါင်းလူစီးရထား ၅၄ စင်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်း ပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထားနှစ်စင်း၊ စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း၊ စုစုပေါင်းလူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင်စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြင် မြန်မာ့မီးရထားကသည် ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်အဆန်၊ အစုန် ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာအထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထား လမ်းပိုင်းတွင် အမြန်ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။

Most Read

Most Recent